ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

ဂရင်းလန်ကျွန်းရဲ့ မဟာဗျူဟာမြောက် အရေးပါမှုနဲ့ အမေရိကန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ ကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ် ဒိန်းမိတ်နိုင်ငံဟာ အဆိုပါကျွန်းသို့ စစ်လက်နက်တွေ၊ တပ်ဖွဲ့ဝင် တွေ စေလွှတ်တာ စတင်လိုက်ပါတယ်။

ဒိန်းမတ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ရောက်ရှိလာနိုင်မှုကြောင့် ထောက်ပံ့ပို့ဆောင်ရေးနဲ့ အခြေခံအ ဆောက်အအုံတွေ ပြင်ဆင်ဖို့ တပ်မှူးတစ်ဉီးကို ဂရင်းလန်ကျွန်းသို့ စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။

စစ်ကူပို့မယ့် တပ်ဖွဲ့ဝင်တွေဟာ ဒိန်းမတ်စစ်တပ်မှဖြစ်ပြီး ဂရင်းလန်ကျွန်းမှာ ဒိန်းမတ်စစ်တပ်ရဲ့ တပ်စွဲမှု တိုးမြှင့်ဖို့ ရည်ရွယ်ပါတယ်။

ဒိန်းမတ်နိုင်ငံ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်ကျွန်းဟာ မဟာဗျူဟာမြောက် တည်ရှိမှုနဲ့ သတ္တုအရင်းအမြစ်တွေ ပေါကြွယ်ဝမှုကြောင့် အမေရိကန်နိုင်ငံရဲ့ စိတ်ဝင်စားမှု ခံနေရပါတယ်။

ဒိန်းမတ်နဲ့ ဂရင်းလန်ကျွန်းတို့ဟာ ပိုင်နက်နယ်မြေ ရောင်းချဖို့အဆိုပြုချက်ကို ပယ်ချခဲ့ပြီး ဂရင်း လန်ကျွန်းဟာ ဒိန်းမတ်နယ်မြေဖြစ်တယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ဂရင်းလန်ကျွန်းမှာ စစ်တပ်အင်အား အများအပြား တပ်စွဲမယ့်အစီအစဉ်တွေကို ဒိန်းမတ် ကာ ကွယ်ရေးဝန်ကြီး Troels Lund Poulsen က အင်္ဂါနေ့မှာ အတည်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ လက်ရှိမှာ အခြားတိုင်းပြည်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဒိန်းမတ်စစ်တပ်မှ တပ်ဖွဲ့ဝင် တွေကို ဂရင်းလန်ကျွန်းသို့ စေလွှတ်နေပါတယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

ရုရှား သို့မဟုတ် တရုတ်ရဲ့ ဂရင်းလန်ကျွန်းကို သိမ်းပိုက်မှုကို ဟန့်တားဖို့ အမေရိကန်နိုင်ငံက အ ဆိုပါကျွန်းကို ရယူရမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂရင်းလန်ကျွန်းကို ပိုင်ဆိုင်ခြင်းဟာ အမေရိကန် စီးပွားရေးလုံခြုံမှုအတွက် မရှိမဖြစ် လိုအပ်ချက် တစ်ခုလို့ သူက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; Denmark sends military equipment, advance troops to Greenland: Report