ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တို့သည် စစ်ကော်မရှင်နှင့်တိုက်ပွဲဖြစ်ပွါးစဉ် MPCC မှ အတွင်းရေးမှူး ဖြစ်သည့် မောင်ဖြူဖွေး (ခ)မောင်ဇွဲသူရကို ကျဆုံးခဲ့ကြောင်း Myanmar Police CDM Channelက ဇန်နဝါရီ ၁၃ရက်နေ့တွင် ထုတ်ပြန်သည်။
လေးမျက်နှာမြို့နယ် ၊ စက်စက်ယိုကျေးရွာ၏ မြောက်ဖက် စောပြားကျေးရွာအနီးတွင် ဇန်နဝါရီ ၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားစဉ် ခွဲမှူး ဇွဲသူရကို (ခ) ဖြူဖွေး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ရဲဘော်ဖြူဖွေးသည် ဧရာဝတီစစ်ဒေသ ဗျူဟာ ၂၉ ၊ ဟင်္သာတခရိုင်တပ်ရင်းအမှတ်၃ ၊တပ်ခွဲ၃ တွင် ခွဲမှူးတာဝန်ထမ်းဆောင်နေသူဖြစ်သည်။
“ဖြူဖွေးဆိုတဲ့ ရဲဘော်ဟာ အစောပိုင်းကတည်းက ရဲ CDM ပြုလုပ်ခဲ့တယ်။ တော်လှန်ရေးအပေါ်မှာ အင်မတန် သစ္စာရှိတဲ့ လူငယ်တစ်ယောက်ပါ။ အရမ်းလဲ နှမြောရသလို အင်မတန်စိတ်မကောင်းလဲဖြစ်ရပါတယ်။ သူ့တပည့်တွေနဲ့ ပျော်ပျော်နေတတ်တဲ့လူငယ်ပါ။ အခုတော့ သူသိပ်ပြန်ချင်ခဲ့တဲ့ ဧရာဝတီမှာပဲ ပြန်ပီး မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်”ဟု ကျဆုံးရဲဘော် ဖြူဖွေးနှင့် နေထိုင်ခဲ့ဘူးသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဖြူဖွေး (ခ) မောင်ဇွဲသူရကို အသက် ၂၉ နှစ်မှာ MPCC၊Myanmar Police CDM Channel ၏ အတွင်းရေးမှူးဖြစ်သည်။