ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင် ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ယောက်ျား ဒုတိယပျူစောထီး ခေါင်းဆောင်ကို မြင်းခြံ PDF များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြင်းခြံ- ပုဂံညောင်ဦးလမ်းတွင် သီတာယုမွန်၏ ယောက်ျားစိန်လွင်ကို မူးယစ်ဆေးဝါး၊ လိင်စိတ် ကြွဆေးဝါးများနှင့်အတူ ယမန်နေ့ ဇန်နဝါရီ ၁၄ရက်နေ့က ဖမ်းဆီးရမိလိုက်ကြောင်း မြင်းခြံ အမှတ် (၃) တပ်ရင်း၏ ထုတ်ပြန်ချက်အရသိရသည်။

”တပ်ရင်း ၃၊ တပ်ခွဲ -၂ က သီတာယုမွန်ယောက်ျားကိုဖမ်းမိလိုက်တာပါ။ မနက်ပိုင်းမှာ ပုဂံညောင်ဦးဘက် အသွားလမ်းမှာ ဖမ်းမိတယ်ပြောပါတယ်” ဟု PDFများနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုဂံညောင်ဦးသို့ အပန်းဖြေခရီးထွက်လာသည့် သီတာယုမွန်ယောက်ျား ဒုတိယပျူခေါင်းဆောင် စိန်လွင်ကို Suzuki Ertiga၊ ပျူစောထီးအသိအမှတ်ပြုလက်မှတ်၊ မူးယစ်ဆေးဝါး၊ ငွေသားအချို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူခေါင်းဆောင် သီတာယုမွန်သည် ယောက်ျားဖြစ်သူပျောက်ဆုံးနေသဖြင့် ကေတီဗီများတွင် လှည့်ပတ် ရှာဖွေနေခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုထားသည်။
သီတာယုမွန်နှင့်အဖွဲ့မှာ မြင်းခြံမြို့နယ်အတွင်းတွင် လူငယ်များကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုဆိုကာ မကြာခဏ ဖမ်းဆီး သတ်ဖြတ်မှုများပြုလုပ်ပြီး စစ်ဘေးရှောင်နေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများကို ခိုးထုတ်ကာ မီးရှို့ဖျက်ဆီးမှုများ အစဉ်တစိုက်ပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ-မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်း