ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်
ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးမြင့်တက်နေရာ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၆ သိန်းကျော်ရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရသည်။
ယနေ့ ရွှေဈေးကွက်တွင် အကယ်ဒမီအခေါက်ရွှေ ( စနစ်ဟောင်း) ဝယ်ဈေး ကျပ် ၉၆ သိန်း ငါးသောင်း နှင့် ရောင်းဈေး ကျပ် ၉၆ သိန်း ရှစ်သောင်းရှိကြောင်းသိရသည်။
နိုင်ငံခြားငွေလဲနှုန်းထားတွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ၄၀၄၅ ကျပ်ရှိပြီး ယခုနှစ်စပိုင်း ဇန်နဝါရီ တွင် အကယ်ဒမီအခါက်ရွှေ တစ်ကျပ်သား ကျပ် ၉၃ သိန်းရှိရာမှ ဆက်တိုက်မြင့်တက် လာခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း ရွှေဈေးနှုန်းများဆက်တိုက်မြင့်တက်လာပြီး ၂၀၂၅ ခုနှစ်မှ ၂၀၂၆ တစ်နှစ်အတွင်းအခေါက် ရွှေဈေး ၂၈ သိန်း ကျော်မြင့်တက်ကြောင်း ဈေးကွက် မှတ်တမ်းများအရသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်