ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အင်္ဂါနေ့က မြန်မာစစ်အုပ်စုခန့် သံအမတ်ကြီး ဉီးကျော်စိုးမိုးအား ဆင့် ခေါ်ကာ မြန်မာဘက်မှ ကော့ဘဇားခရိုင်၊ တက်ကနက်ခ်မြို့ဘက်သို့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်အပေါ် အ လွန်အမင်း စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် မိန်းခလေးငယ်တစ်ဉီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရန်စပစ်ခတ်ခြင်းဟာ အပြည်ပြည်ဆိုင်ရာဥပဒေ ပေါ်တင် ချိုးဖောက် မှုဖြစ်ကာ ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေးအတွက် အဟန့်အတားတစ်ခုလို့ ထုတ်ပြန်ချက်က ဆို ပါတယ်။

ဖြစ်စဉ်အတွက် အပြည့်အဝ တာဝန်ယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုခဲ့ပြီး အနာဂတ်မှာ နယ် စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကို ဟန့်တားမယ့် အစီအမံတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေက ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်ကို မထိခိုက်စေ သင့်ဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အလားတူဖြစ်စဉ်တွေ ထပ်မံမဖြစ်ရအောင် အစီအမံတွေ လုပ်ဆောင်မယ်လို့ စစ်အုပ်စုခန့် သံအ မတ်က ကတိပြုခဲ့ပြီး ဒဏ်ရရှိသူမိသားစုအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာနဲ့ ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်) နယ်နိမိတ်ချင်း ထိစပ်နေတယ်လို့ သိ ရပါတယ်။

ကိုးကား – ANI
Ref; Bangladesh Ministry of Foreign Affairs summons Myanmar Ambassador