ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား လူအသေအပျောက်ရှိသော ပဋိ ပက္ခတွေဖြစ်ပွားနေတဲ့ အီရန်နိုင်ငံကို စစ်ရေးအရ အရေးယူဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ အလွန်ပြင်းထန်သော ရွေးချယ်စရာအချို့ကို စဉ်းစားနေပါတယ်။ အမေရိကန်အစိုး ရက ဆုံးဖြတ်ချက်တစ်ရပ် ချပါမယ်” လို့ ၎င်းက တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အီရန်ခေါင်းဆောင်တွေဟာ စနေနေ့က အမေရိကန်အစိုးရကို ဆက်သွယ်ခဲ့ပြီး အီရန်နိုင်ငံဟာ စေ့စပ်ညှိနှိုင်းလိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ် အစိုးရဆန့် ကျင်ရေး ဆန္ဒပြပွဲတွေ အီရန်နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေပါတယ်။
ဆန္ဒပြပွဲတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား လူအသေအပျောက်ရှိတဲ့ ပဋိပက္ခ တွေ ဖြစ်ပွားခဲ့ပါတယ်။
တိကျသော လူသေဆုံးမှုကို မထုတ်ပြန်ခဲ့ပေမယ့် တနင်္ဂနွေနေ့အထိ ဆန္ဒပြသူ ၄၉၆ ဉီးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၄၈ ဉီး သေဆုံးခဲ့တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါ တယ်။
စီးပွားရေး ပြဿနာအချို့က ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ ကန့်ကွက်မှုတွေ ဖြစ်စေခဲ့လို့ သမ္မတနဲ့ အစိုးရက အဆိုပါပြဿနာတွေကို ဖြေရှင်းဖို့ ကြိုူပမ်းနေတယ်လို့ အီရန်အစိုးရက တနင်္လာနေ့မှာ နိုင်ငံပိုင် မီဒီယာမှတစ်ဆင့်ထုတ်ပြန်တဲ့ ကြေညာချက်တစ်ရပ်ထဲမှာ ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေကို ဂုဏ်ပြုဖို့နဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ စည်းလုံးညီညွတ်မှုကို ပြသမယ့် လူစုဝေးပွဲတစ်ခု မှာ ပြည်သူတွေ ပါဝင်ကြဖို့ အီရန်အစိုးရက တောင်းဆိုခဲ့ပါတယ်။
အီရန်နိုင်ငံက စစ်ပွဲမလိုလားပေမယ့် စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ထားကြောင်း၊ စေ့စပ်ညှိ နှိုင်းဖို့လည်း ပြင်ဆင်ထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump considers military options for Iran as hundreds killed in protests