ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူ့ပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်လာတဲ့ ARSA အဖွဲ့ဝင် ၅၃ ဉီးကို ဖမ်းဆီးပြီးနောက် မြန်မာနယ်စပ်တစ်လျှောက် အမြင့်ဆုံးအဆင့် တပ်လှုန့်ကြောင်း ထုတ်ပြန်လိုက်ပါ တယ်။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမှာ သေနတ်ဒဏ် ရာရရှိတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းခလေးငယ်တစ်ဉီး အပါအဝင် တနင်္ဂနွေနေ့နောက်ပိုင်း လူနှစ်ဉီးထက် မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

“ကျွန်တော်တို့ မြန်မာနယ်စပ်တစ်လျှောက် တပ်လှုန့်ထားပြီး ပိုင်နက်ကျူးကျော်လာသူ ၅၃ ဉီးကို ဖမ်းဆီးခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး မွိုင်နူဒင်အာမက်က ပြောပါ တယ်။

တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ဖြတ်ကျော်လာတဲ့ ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရ တယ်လို့ ဒေသခံ မျက်မြင်တွေက ပြောပါတယ်။

“ဖမ်းဆီးခံရသူတစ်ဉီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်တဲ့သူတွေကို ဥပဒေအရ အရေးယူဖို့ ရဲစ ခန်းမှာ ထိန်းသိမ်းထားပါတယ်” လို့ ဒေသခံတစ်ဉီးက ပြောပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ နယ်စပ်တစ်လျှောက် ပြင်းထန်သော တိုက်ပွဲတွေ ဖြစ်ပွားနေတယ် လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ အဖွဲ့သုံးဖွဲ့ ပဋိပက္ခဖြစ်ပွားနေကြောင်း၊ ARSA က အာရက္ခတပ်တော်ကို မြေပြင်မှာ တိုက်ခိုက်နေပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ် မှ အကြီးတန်း အရာရှိတစ်ဉီးက ပြောပါတယ်။

အခြေအနေကို စောင့်ကြည့်ဖို့ နယ်စပ်ရှိ ကျေးရွာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။

ကိုးကား – TRT World
Ref; Bangladesh on ‘high alert’ after detaining ARSA members near Myanmar border