ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်ကျွန်းကို သိမ်းပိုက်ရေး အင်အားသုံးဖို့ ထပ်မံ အ ကြံပြုပြီးနောက် ဒိန်းမတ်နိုင်ငံဟာ အဆိုပါနှင့်ပတ်သက်ပြီး အမေရိကန်နဲ့ သံတမန်ရေးတိုက်ပွဲမှာ “အဆုံး အဖြတ်ပေးသောအချိန်” ရင်ဆိုင်နေရတယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ်က ပြောပါတယ်။
တနင်္လာနေ့မှစတင်ပြီး ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် အစည်းအဝေးတွေမတိုင်မီ ဒိန်းမတ်ဝန် ကြီးချုပ် မက်တေးဖရက်ဒရစ်ဆန်က တနင်္ဂနွေနေ့မှာ “ဂရင်းလန်ကျွန်းနဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနေ တယ်” ဟု ပြောကြားခဲ့ပါတယ်။
“ဂရင်းလန်ကျွန်း အနာဂတ်နဲ့ပတ်သက်လို့ အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်ဖြစ်ပါတယ်” လို့ ဒိန်းမတ် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲမှာ ၎င်းက ဆိုပါတယ်။
“ဂရင်းလန်ကျွန်းကို ကာကွယ်ဖိုါ အဆင်သင့်ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ကိုယ်ပိုင်ပြ ဌာန်းပိုင်ခွင့်ကို ကျွန်မတို့ ယုံကြည်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဂရင်းလန်ကျွန်းကို သိမ်းပိုက်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်အား ကန့်ကွက်တဲ့ ဒိန်းမတ်ကို ဂျာမ နီနဲ့ဆွီဒင်နိုင်ငံတွေက ထောက်ခံခဲ့ပါတယ်။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဂရင်းလန်ကျွန်းကို ထိန်းချုပ်နိုင်ရေး တစ်ခုခုလုပ်ဆောင် မယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်စကားကို ဆွီဒင်ဝန်ကြီးချုပ် ခရစ္စတာဆင်က ရှုတ်ချခဲ့ပါတယ်။
“ဆွီဒင်၊ နောဒစ်တိုင်းပြည်တွေ၊ ဘောလ်တစ်နိုင်ငံတွေနဲ့ ဥရောပတိုင်းပြည်အများအပြားက ဒိန်း မတ်နိုင်ငံနဲ့အတူ ရပ်တည်ပါတယ်” လို့ သူက ပြောပါတယ်။
အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို သိမ်းပိုက်ပါက အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှု တစ်ခု ဖြစ်လာကာ အခြားတိုင်းပြည်တွေက အလားတူ လုပ်ဆောင်လာမယ်လို့ ၎င်းက ထောက်ပြပါ တယ်။
လုံခြုံရေးနဲ့ အနာဂတ်အတွက် ဂရင်းလန်ကျွန်းဟာ သဘောတူညီချက်တစ်ရပ် ပြုလုပ်သင့်တယ် လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို မသိမ်းပိုက်ရင် ရုရှားနဲ့တရုတ်က သိမ်းပိုက်လိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – TRT World
Ref; Denmark’s PM says Greenland showdown at ‘decisive moment’ as Trump repeats threats