ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ ပြီး လက်ရှိအချိန်ထိ ဆန္ဒပြသူ ၅၀၀ ကျော် သေဆုံးခဲ့ပြီလို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။

ဆန္ဒပြပွဲတွေဖြစ်အောင် လှုံ့ဆော်တဲ့ အမေရိကန်နဲ့အစ္စရေးကို အီရန်သမ္မတ မာစွပ်ပီဇက်ကီယန် က ရှုတ်ချခဲ့ပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းကတည်းက ဆန္ဒပြသူတွေဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှု ကြောင့် ငွေကြေးဖောင်းပွမှုကို ဖြေရှင်းမယ့်အစီအမံတွေ လုပ်ဆောင်ဖို့ အီရန်အစိုးရကို တောင်းဆိုခဲ့ပါ တယ်။

ဆန္ဒပြပွဲတွေဟာ အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေအဖြစ် အရှိန်မြှင့်လာခဲ့ပြီး အမှန်တစ် ကယ် သေဆုံးသူအရေအတွက်ကို မသိရပေမယ့် ဆန္ဒပြသူ ၄၉၀ ကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ဉီး သေ ဆုံးခဲ့တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောပါတယ်။

တီဟီရန်မြို့တော်မှာ လူအများအပြား သေဆုံးခဲ့ သို့မဟုတ် ဒဏ်ရာရရှိခဲ့ဖွယ်ရှိတယ်လို့ ဆေး ဘက်ဝန်ထမ်းတွေက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဆန္ဒပြပိုင်ခွင့်ရှိပေမယ့် ဝတ်ပြုဘုရားကျောင်းတွေ မီးရှို့တာမျိုးလို အများ ပြည်သူပိုင်နေရာတွေမှာ ကစဉ့်ကလျားအခြေအနေဖြစ်အောင် အမေရိကန်နဲ့အစ္စရေးဟာ နောက်ကွယ်မှ ကြိုးကိုင်နေကြောင်း ပီဇက်ကီယန်က နိုင်ငံပိုင်ရုပ်သံဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေက ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းရင် အမေရိကန်နိုင်ငံက အီရန်အပေါ် တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးခဲ့ပါတယ်။

အီရန်က ဆန္ဒပြပွဲတွေကို တုံ့ပြန်မယ့် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ ဒေါ်နယ်ထရမ့်ဟာ အင်္ဂါ နေ့မှာ အကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

အီရန်နိုင်ငံ တိုက်ခိုက်ခံရပါက အစ္စရေးနဲ့ ဒေသတွင်းရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်း တွေဟာ အီရန်ရဲ့ တရားဝင် ပစ်မှတ်တွေ ဖြစ်လာမယ်လို့ အီရန်လွှတ်တော်ဥက္ကဌ မိုဟာမက်ဘာကာကာ လီဘတ်က ပြောပါတယ်။

ကိုးကား – NHK
Ref; More than 500 people reportedly dead in Iran protests