ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံအပေါ် ဖိအားပေးမှု တိုးမြှင့်ခဲ့ပြီး အချိန်မ နှောင်းမီ သဘောတူညီချက်တစ်ရပ် ပြုလုပ်ဖို့ သတိပေးလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ကာရစ်ဘီယံဒေသမှ ဆိုရှယ်လစ်တိုင်းပြည်တစ်ခုဖြစ်တဲ့ ကျူးဘားကို တနင်္ဂ နွေနေ့က လူမှုကွန်ရက်မှာ ရည်ညွှန်းရေးသားခဲ့တာပါ။

ကျူးဘားနိုင်ငံဟာ ဇန်နဝါရီလ ၃ ရက်က အမေရိကန်ရဲ့ စစ်ဆင်ရေးတစ်ခုမှာ သမ္မတ ဖမ်းဆီးခံခဲ့ ရတဲ့ ဗင်နီဇွဲလားနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိပါတယ်။

ကျူးဘားနိုင်ငံဟာ ဗင်နီဇွဲလားမှ ရေနံနဲ့ငွေကြေး ပမာဏများစွာကို မှီခိုခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာ့ အင်အားအတောင့်တင်းဆုံး စစ်တပ်ရှိရာ အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံကို ကာကွယ်မှာဖြစ်လို့ ကျူးဘားသို့ ရေနံနဲ့ငွေကြေး ထောက်ပံ့မှုရှိတော့မှာမဟုတ်ဖူးလို့ ၎င်းက ပြောပါတယ်။

ရေနံနဲ့ငွေကြေးအတွက် အပြန်အလှန်အားဖြင့် ကျူးဘားနိုင်ငံဟာ ပြီးခဲ့တဲ့ ဗင်နီဇွဲလား အာဏာ ရှင်နှစ်ဉီးအတွက် လုံခြုံရေး ပေးခဲ့ပေမယ့် အများစုဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ် လို့ သူက ဆက်ပြောပါတယ်။

ကျူးဘားဟာ လွတ်လပ်သော၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျူးဘားသမ္မတ မီဂွယ်ဒိုင်ယက်ဇ်ကာနယ်က တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။

မည်သူကမှ ကျူးဘားနိုင်ငံကို ဘာလုပ်ပါဆိုတာ ပြောလို့မရသလို ကျူးဘားနိုင်ငံဟာ နောက်ဆုံး သွေးတစ်စက်ကျန်သည်အထိ အမိမြေကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သူက ဆိုပါတယ်။

အမေရိကန်အစိုးရဟာ မြောက်အမေရိကန်၊ တောင်အမေရိကန်နဲ့ ပတ်ဝန်းကျင်အနောက်တိုင်းမှာ တည်ငြိမ်မှုရှိရေး အလေးထားလုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ ကျူးဘားနိုင်ငံအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတာလို့ လေ့လာစောင့် ကြည့်သူတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Trump steps up pressure on Cuba