ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း နှစ်တွင်ပါဝင်သည့်မြို့နယ်များ၌ အိမ်ထောင်စု သန်းခေါင်စာရင်းပါဝင်သူများအနေဖြင့် နေရပ်ပြန်မဲ ပေးရမည်ဖြစ်ကြောင်း Non CDM ဝန်ထမ်းများထံက သိရသည်။
လက်ရှိတွင် နေပြည်တော်၌တာဝန်ကျနေသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး အိမ်ထောင်စုသန်း ခေါင်းစာရင်းရှိရာ မြို့နယ်သို့ပြန်ပြီးမဲပေးရန် ဖိအားပေးထားကြောင်း၎င်းက ဆိုသည်။

” မဲ မပေးဘူးဆိုပြီး မဲစာရင်းလည်းသွားမကြည့်ဘူး။ အစိုးရဌာနဝန်ထမ်းတွေမှာ တာဝန်နဲ့ ဝတ္တရားရှိတယ်။ မဖြစ်မနေမဲပေးရမယ်ပေါ့။ အဲဒါနဲ့မဲ ပေးဖို့ပြန်ရမယ်။ ခရီးစရိတ် တွေကုန်တော့မယ်။ ရန်ကုန်ပြန်ရတော့ ” ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ Non CDM ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာဝန်ထမ်းအိမ်ရာများ၌ နေထိုင်ကြသော်လည်း ယင်းနေရာတွင် မဲစာရင်းမရှိဘဲ သန်းခေါင်စာရင်းရှိရာ မြို့နယ်သို့ မဲပြန်ပေးရမည်ဟုသိရသည်။
စစ်ကော်မရှင်ကပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်းနှစ်ကို မြို့နယ်ပေါင်း ၁၀၀ တွင် ကျင်းပမည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စစ်ကော်မရှင်