ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

ကမ္ဘာ့အကြီးမားဆုံး ရေနံသိုက်တွေရှိရာ ဗင်နီဇွဲလားနိုင်ငံမှာ ထုတ်လုပ်တဲ့ ရေနံစိမ်းတွေ ရောင်းချ မှုကို သေချာပေါက် ထိန်းချုပ်မယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်တာနဲ့ ရေနံစိမ်းတွေ ရောင်းချမှုကို စီမံခန့်ခွဲတာမှာ ပါဝင်မယ်လို့ အ မေရိကန်အစိုးရက ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ဗင်နီဇွဲလားသမ္မတ နီကိုးလတ်မာဒူရိုအား စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီး ပြီးနောက် အခုလိုမျိုး ပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံက အရင်ဆုံး သိုလှောင်ထားတဲ့ ရေနံတွေကို ရောင်းချမယ်လို့ အမေရိကန် စွမ်း အင်ဝန်ကြီး ခရစ်ရိုက်စ်က ဗုဒ္ဓဟူးနေ့မှာ ဖလော်ရီဒါပြည်နယ်မှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ပြောပါ တယ်။

အမေရိကန်နိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံမှာထုတ်လုပ်တဲ့ ရေနံစိမ်းတွေကို သေချာပေါက် ရောင်းချ မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အမေရိကန်အစိုးရဟာ ဒဏ်ခတ်ပိတ်ဆို့ခံထိ ဗင်နီဇွဲလားရေနံစိမ်းတွေကို ဈေးကွက်အတွင်း ရောင်းချမှု စတင်လိုက်ပြီလို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရိုလိုင်းလီဗစ်က သတင်းထောက်တွေ ကို ပြောပါတယ်။

ရေနံစိမ်းရောင်းချမှုမှဝင်ငွေကို အမေရိကန်ထိန်းချုပ် ဘဏ်အကောင့်တွေမှာ ထားရှိကာ အမေရိ ကန်နဲ့ ဗင်နီဇွဲလားပြည်သူတွေ အကျိုးရရှိရေး ထုတ်ချေးသွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ဟာ သောကြာနေ့မှာ အိမ်ဖြူတော်၌ အမေရိကန် ရေနံလုပ်ငန်းများမှ အမှု ဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; US plans to indefinitely control sales of Venezuelan crude oil