ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဇန်နဝါရီ ၈ ရက်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ် တို့ရှိ စစ်ကော်မရှင်တပ်စခန်းများကို ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်သား ၄၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

 

နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မြီးကောက်ပင်ရွာ ပျူစောထီးစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့ပြီး စခန်းသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်း‌ပေါ်ရှိ စစ်ကွင်းတာဆုံရဲကင်းစခန်း နှင့် တာဆုံဘုရားအနီးတပ်စွဲထားသည့်စစ်တပ်စခန်းတို့ကိုလည်း ဝင်ရောက်တိုခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၀ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲများတွင် တော်လှန်ရေးရဲဘော် တစ် ဦးကျဆုံးခဲ့ပြီး ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်-၂ စစ်ဆင်ရေးနယ်မြေ ထံက သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ ဗျူဟာရုံးတပ်ဖွဲ့၊ အမှတ်-၃၈၀၁ တပ်ရင်း၊ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ-၁၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅၊ တပ်ခွဲ-၆၊ ဒရုန်းတပ်ဖွဲ့၊အမှတ်-၃၈၀၂ တပ်ရင်း၊ တပ်ခွဲ-၁၊ သာယာဝတီခရိုင် (ပကဖ)၊ ဇီးကုန်း(ပကဖ)၊ BTZM တပ်ဖွဲ့၊အမှတ်-၃၇၀၁ တပ်ရင်း၊ တပ်ခွဲ-၂၊ ရန်ကုန်(ပကဖ)တပ်ဖွဲ့၊ အမှတ်-၃၈၀၃ တပ်ရင်း၊ Alpha စစ်ကြောင်း၊ Bravo စစ်ကြောင်း၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင်(ပကဖ) ရွှေတန်းမြေတပ်ဖွဲ့ (၁၊၂)၊ ရန်ကုန်တိုင်း(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့-၃၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တပ်ရင်း-၃၊ Spring Bees UAV Force၊ MDF UAV Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – အမှတ်(၂) စစ်ဆင်ရေးနယ်မြေ