ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
အာဆီယံအဖွဲ့ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မြှင့်တင်ဖို့ မြန် မာခေါင်းဆောင်ပိုင်းနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှု စတင်လိုက်ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် ထရီဆာလာဇာရိုဟာ အင်္ဂါနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒေသတွင်း သံတ မန်ရေးရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
“အာဆီယံအဖွဲ့ ဥက္ကဌအနေနဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေး မှာ ရှေ့ဆက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်းတွေရဲ့ ကြိုးပမ်းမှုတွေအတိုင်း ဆက် လက် လုပ်ဆောင်ပါမယ်” လာဇာရိုက ပြောပါတယ်။
လာဇာရိုရဲ့ထုတ်ပြန်ချက်ကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း (၁) ကို ပြုလုပ်ခဲ့ပြီး အပိုင်း (၂) ကို ဇန်နဝါရီလ ၁၁ ရက်၊ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်မှာပါ။
လာဇာရိုဟာ မြန်မာနိုင်ငံသို့ မသွားရောက်မီ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ထိုင်း နိုင်ငံခြားရေးဝန် ကြီး ဆီဟာဆတ်နဲ့ နှစ်နိုင်ငံကြား ရေရှည်ဆက်ဆံရေး တိုးမြှင့်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
“မြန်မာပဋိပက္ခ၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနဲ့ အခြား ပထဝီနိုင်ငံရေးလိုမျိုး ဒေသ တွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေကို ဝန်ကြီးနှစ်ဉီးက ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်” လို့ ဖိလစ်ပိုင် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကိုးကား – Bernama
Ref; New ASEAN chair Philippines begins diplomatic talks with Myanmar leadership