ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
အမေရိကန်စစ်တပ်ဟာ မြောက်အတ္တလန္တိတ်ဒေသမှာ ဗင်နီဇွဲလားနိုင်ငံနဲ့ဆက်နွှယ်တဲ့ ရေနံတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံထိ အဆိုပါရေနံတင်သင်္ဘောဟာ ရုရှားအလံလွှင့်ပြီး မောင်းနှင်ခဲ့တာလို့ သိရပါ တယ်။
အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ယင်းရေနံတင်သင်္ဘောကို သီတင်းပတ်ချီကြာအောင် စောင့်ကြည့်ခဲ့တယ်လို့ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုယမ်က လူမှုကွန်ရက်မှာ ပြောပါတယ်။
ရေနံတင်သင်္ဘောဟာ စုံစမ်းထောက်လှမ်းမှုကို ရှောင်ရှားဖို့ အမည်နဲ့အလံကို ပြောင်းလဲခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရေနံတင်သင်္ဘောကို ကာကွယ်ပေးဖို့ ရုရှားက ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ကြောင်း အမေရိ ကန်မီဒီယာတွေက ဖော်ပြပါတယ်။
ရေနံတင်သင်္ဘောကို သိမ်းဆည်းချိန်မှာ အနီးအနား၌ မည်သည့် ရုရှားသင်္ဘောမှ မရှိခဲ့ကြောင်း အ မည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး The New York Times က ဖော်ပြပါတယ်။
ရုရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ ရေနံတင်သင်္ဘော သိမ်းယူတဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အခြားတိုင်းပြည်တွေရဲ့ တရားစီရင်ပိုင်ခွင့်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တွေကို အင်အားသုံး သိမ်းဆည်းခွင့် မည်သည့်တိုင်းပြည်မှမရှိကြောင်း ပြောပါတယ်။
အမေရိကန်စစ်တပ်က ကာရစ်ဘီယံပင်လယ်မှာ ဗင်နီဇွဲလားနဲ့ပတ်သက်တဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထိ အခြား ရေနံတင်သင်္ဘောကို သိမ်းဆည်းခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့က ယင်းသင်္ဘောကို လိုက်ပါစောင့် ကြပ်နေတယ်လို့ ပြောပါတယ်။
“ဒဏ်ခတ်ပိတ်ဆို့ခံထိ တရားမဝင် ဗင်နီဇွဲလားရေနံတွေကို ပိတ်ဆို့မှုဟာ ကမ္ဘာပေါ်က ဘယ်နေ ရာမှာမဆို အပြည့်အဝ သက်ရောက်မှုရှိပါတယ်” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်က လူမှုကွန်ရက်မှာ ပြောပါတယ်။
ကိုးကား – NHK
Ref; US seizes two Venezuela-linked oil tankers