ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်ကျွန်းကို မည်သို့ထိန်းချုပ်ရမည်ကို လေ့လာနေပြီး အမေရိ ကန်စစ်တပ်ကို အသုံးပြုခြင်းဟာ “အမြဲတမ်း ရွေးချယ်စရာတစ်ခု” ဖြစ်ကြောင်း အိမ်ဖြူတော်က အင်္ဂါ နေ့မှာ ပြောကြားခဲ့ရာ နေတိုးမဟာမိတ် ဒိန်းမတ်နဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်စေခဲ့ပါတယ်။

နားလည်မှုလွဲမှားတာတွေကို ရှင်းလင်းနိုင်ရေး အမေရိကန်နဲ့ အမြန်ဆုံး တွေ့ဆုံဖို့ ဂရင်းလန်နဲ့ ဒိန်း မတ်နိုင်ငံတို့က တောင်းဆိုလင့်ကစား အမေရိကန်နိုင်ငံရဲ့ ပြင်းထန်သော သတိပေးမှု ထွက်ပေါ်လာခဲ့တာ ပါ။

“ဂရင်းလန်ကျွန်းကို ထိန်းချုပ်မှုဟာ ရုရှားနဲ့တရုတ်လိုမျိုး ရန်သူတွေကို ဟန့်တားဖို့ အမေရိကန် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ဉီးစားပေးဖြစ်တယ်” လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရိုလိုင်းလီ ဗစ်က ပြောပါတယ်။

“သမ္မတနဲ့ သူ့အဖွဲ့ဟာ ဒီအရေးကြီးတဲ့ နိုင်ငံခြားရေးမူဝါဒပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ ရွေးချယ်စရာမျိုးစုံကို ဆွေးနွေးနေပြီး သေချာတာကတော့ အမေရိကန်စစ်တပ်ဟာ ကာကွယ်ရေးဦးစီး ချုပ်ရဲ့ ကိုင်တွယ်ဖြေရှင်းမှုမှာ အမြဲတမ်း ရွေးချယ်စရာတစ်ခုပါပဲ” လို့ သူက ဆိုပါတယ်။

ဂရင်းလန်နဲ့ ဒိန်းမတ်တို့က ဒီကိစ္စကို ဆွေးနွေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘယိုနဲ့ အမြန်တွေ့ဆုံဖို့ တောင်းဆိုထားတယ်လို့ အစောပိုင်းက ပြောပါတယ်။

မာကိုရူဘီယိုနဲ့ တွေ့ဆုံချိန်မှာ “အချို့သော နားလည်မှုလွဲမှားမှုတွေကို ဖြေရှင်းသင့်တယ်” လို့ ဒိန်း မတ်နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ကပြောကြားခဲ့ပါတယ်။

ဂရင်းလန်ဝန်ကြီးချုပ် ဂျန်းဖရက်ဒရစ်နယ်ဆင်က ဂရင်းလန်ကျွန်းဟာ ရောင်းရန်မဟုတ်ကြောင်း၊ ဂရင်းလန်ကျွန်းသားများသာ ၎င်း၏အနာဂတ်ကို ဆုံးဖြတ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

လူဉီးရေ ၅၇၀၀၀ ရှိတဲ့ ဂရင်းလန်ကျွန်းမှာ အမေရိကန်နိုင်ငံက စစ်ဘက်အခြေစိုက်စခန်းတစ်ခု ရှိ ပါတယ်။

ကိုးကား – AFP
Ref; US military ‘always an option’ to secure Greenland, says Donald Trump