ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက် ကာကွယ်ရေးစွမ်းပကား တိုးမြှင့်ဖို့ ယူကရိန်းသို့ နိုင်ငံ စုံတပ်ဖွဲ့တစ်ခု စေလွှတ်ဖို့ ယူကရိန်းကို ထောက်ခံတဲ့နိုင်ငံတွေက သဘောတူလိုက်ပါတယ်။
ညွန့်ပေါင်းတပ်ဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တွေဟာ ယူကရိန်းနိုင်ငံအတွက် လုံခြုံရေး အာမခံ ချက်တွေ ဆွေးနွေးဖို့ အင်္ဂါနေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး တက်ရောက်သူတွေထဲမှာ ဥရောပခေါင်းဆောင်တွေ၊ ယူကရိန်းသမ္မတ ဇီလန်စကီး နဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ခ်တို့ ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုအရ ညွန့်ပေါင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံစုံတပ်ဖွဲ့ကို ယူက ရိန်းသို့ စေလွှတ်မယ်လို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်တစ်ရပ်က ဖော်ပြပါတယ်။
ပြင်သစ်နဲ့ဗြိတိန်က နိုင်ငံစုံတပ်ဖွဲ့မှာ ပူးပေါင်းဖွယ်ရှိပေမယ့် တပ်ဖွဲ့ဝင်အင်အားကို မသိရသေးပေ။ ညွန့်ပေါင်းအဖွဲ့ဝင်တွေဟာ အမေရိကန်နိုင်ငံ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေး ယန္တယားမှာ ပါဝင်မယ်လို့ သိရပါတယ်။
အနာဂတ်မှာ ရုရှားနိုင်ငံရဲ့ လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်လာပါက ယူကရိန်းနိုင်ငံကို ကူညီဖို့ အ ဖွဲ့ဝင်နိုင်ငံတွေက ကတိပြုခဲ့ပါတယ်။
ညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကတိကဝတ်တွေထဲမှာ စစ်ရေးအရ လက်တုံ့ပြန်ဖို့နဲ့ ရုရှားနိုင်ငံကို ထပ်တိုး ဒဏ်ခတ်အရေးယူဖို့လည်း ပါဝင်ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ယူကရိန်းနိုင်ငံ လက်နက်ချခြင်း သို့မဟုတ် နိုင်ငံအတွက် ခြိမ်းခြောက်မှုအသစ်တစ်ခု ဘယ်တော့မှ မဖြစ်စေရန် အဓိကကျကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းမှာ အနောက်နိုင်ငံတပ်ဖွဲ့တွေ တပ်ဖြန့်မှုကို ကန့်ကွက်ထားပါတယ်။ ရု ရှားနိုင်ငံဟာ ယူကရိန်းမှာ နိုင်ငံစုံတပ်ဖွဲ့ တပ်ဖြန့်ချမှုကို သဘောတူညီခြင်း ရှိ မရှိ စောင့်ကြည့်ရမှာဖြစ်ပါ တယ်။
ကိုးကား – NHK
Ref; Allies agree to send multinational force to Ukraine after ceasefire