ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်
KNDF တပ်ရင်း(၃) ၏ လှုပ်ရှားမှုနယ်မြေဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ကောင်းဆောင်ကျေးရွာမှ အသက်(၂၂)နှစ်အရွယ် လူငယ်တစ်ဦးသည် မူးယစ်ဆေးများရောင်းချသုံးစွဲနေကြောင်း သတင်းရရှိသောကြောင့် တပ်ခွဲ(၂) ရဲဘော်များမှ ဝင်ရောက်ဖမ်းဆီးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကျော်နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသော ပစ္စည်းတစ်ချို့နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း KNDF တပ်ရင်း (၃)က သတင်းထုတ်ပြန်ထားသည်။
KNDF တပ်ရင်း(၃) အနေဖြင့် ဖယ်ခုံအုပ်စုနှင့် မိုးဗြဲအုပ်စုအတွင်းရှိ မူးယစ်ဆေးဝါးပြသာနာများကို ပြင်းထန်ထိရောက်စွာအရေးယူမည်ဟု သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှု၊ သုံးစွဲမှုနှင့်ပတ်သက်၍ ထပ်မံတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု KNDF တပ်ရင်း (၂)က ဆိုသည်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူကိုလည်း ကရင်နီရဲတပ်ဖွဲ့ထံလွဲပြောင်းထားကြောင်း KNDF တပ်ရင်း (၂)က ရေးသားဖော်ပြထားသည်။