ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်

ရာထူးကနေဖြုတ်ချခံရတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က နေ နေပြည်တော်ထောင်တွင်း ရွှေ့ပြောင်းလိုက်ပြီးတဲ့နောက် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ် ပေးရေး ကမ္ဘာ့နိုင်ငံတွေရဲ့တောင်းဆိုမှုတွေ များပြားလာပါတယ်။
“အကြမ်းဖက်အသုံးပြုမှု ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားနဲ့ အဓမ္မ ထိန်းသိမ်းခံရသူအားလုံး လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ မိမိတို့ စစ်ကောင်စီကို တောင်းဆိုပါတယ်” လို့ G7 ခေါင်းဆောင်တွေက ပြောပါတယ်။

ဇွန်လ ၂၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာအတိအကျမသိတဲ့ နေရာတစ်ခုကနေ နေပြည်တော် အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်ပြီလို့ စစ်ကောင်စီက ပြောကြားခဲ့ပါတယ်။ အသက် ၇၇ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်တွင်းကနေ အ ကျင့်ပျက်ချစားမှု အပါအဝင် စွဲချက်တွေအတွက် တရားရုံးကြားနာမှုတွေကို ဆက်လက်တက်ရောက်ရမှာဖြစ်ပါ တယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အ ကျဉ်းထောင်တွင်း ရွှေ့ပြောင်းလိုက်တဲ့ စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ကို စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး ပြင်သစ် နိုင်ငံကလည်း မြန်မာနိုင်ငံမှာ အဓမ္မ ထိန်းသိမ်းခံရသူအားလုံး လွှတ်ပေးရေး ထပ်မံ တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ထောက်ခံမှုနဲ့ အာဆီယံက မြန်မာ့ နိုင်ငံရေးအကျပ်အ တည်း ဖြေရှင်းရေးတွက် သံတမန်ရေးကြိုးပမ်းမှုတွေ ဦးဆောင်ခဲ့ပေမယ့် စစ်ကောင်စီကို ထိရောက်စွာ ဖိအားပေး နိုင်ခြင်းမရှိပါဘူး။
အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်ကလည်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်လျက်ရှိ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရှိနိုင်ပါဘူး။

ကိုးကား – UCA News
Ref; World leaders renew calls for releasing political prisoners in Myanmar