ဧရာဝတီတိုင်းမ်
ဇွန်လ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမမှ စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းမှာ နင်းမိုင်း၊တိုက်မိုင်းများ ထောင်ထားတယ်လို့ ချ်ိုမိုင်မိုင်တပ်ဖွဲ့ထံကသိရပါတယ်။

“ဒီကောင်တွေက အဲဒီလမ်းပိုင်းပေါ်မှာနယ်မြေစိုးမိုးရေးလုပ်နေတာ။လမ်းပိုင်းကဲ့ ဘယ်ညာနှစ်ဖက်လုံးမှာ နင်းမိုင်းတိုက်မိုင်းတွေထောင်ထားတာပါ။အဲဒီလမ်းပေါ်ဖြတ်ရှောက်တဲ့ ပြည်သူတွေ့ရင်လဲ လူသားဒိုင်းအဖြစ်အသုံးပြုပီး စစ်တပ်ကကောင်တွေက ခေါ်သွားကြတယ် ဒါကြောင့် ပြည်သူတွေကို အရေးတကြီး သသိပေးလိုက်ရတာပါ” လို့ ချိုမိုင်မိုင် ယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဆိုပါလမ်းပိုင်းကို မဟာမိတ်ညီနောင်(၅)ဖွဲ့က ဇွန်လ ၂၈ ရက်နေ့ကစတင်ပြီး အကန့်အသတ်မရှိပိတ်ထားကာ ပြည်သူများအနေဖြင့် အရေးပေါ် ကျန်းမာရေးကိစ္စ သွားလာရမည်ဆိုပါက သက် ဆိုင်ရာအဖွဲ့အသီးသီးထံ ဆက်သွယ်ချိတ်ပြီးမှ တစ်ခြားသောလမ်းပိုင်းက သွားရောက်ဖို့ကိုလည်း ချိုမိုင်မိုင်အဖွဲ့က သတိပေးထားပါတယ်။


ထို့ပြင် ချိုမိုင်မိုင် ပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ ၂၈ ရက်နေ့က နယ်မြေစိုးမိုးရေးလုပ်နေတဲ့ချိန်မှာ ‌စစ်ကောင်စီတပ် နဲ့ ထိပ်တိုက်တွေ့ခဲ့သော်လည်း စစ်တပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်လာလို့ ချိုမိုင်မိုင်တပ်ဖွဲ့ဝင်တွေ ပြည်သူတွေမထိအောင်ပစ်‌ခတ်ခဲ့ပြီး ဆုတ်ပြန်ခဲ့ရတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမရှိပဲ ဤလမ်းပိုင်းအား ဆက်လက်အသုံးပြုနေပါက ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို မဟာမိတ်ညီနောင်(၅)ဖွဲ့မှ တာဝန်ခံမှာမဟုတ်ဘူးလို့လဲ သတိပေးပြောဆိုထားပါတယ်။