ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

 

စစ်ကော်မရှင်က နိုင်ငံ၏နေရာအနှံ့အပြားတွင် လေ ကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုး၍ ပြုလုပ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ တစ်လအတွင်းတွင် လေ ကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၁၉ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူအများအပြားသေဆုံးခဲ့‌ ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က စစ်တမ်းကောက်ယူထုတ်ပြန်လာသည်။

 

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ သက်ကြီးရွယ်အို၊ ကလေးသူငယ်များအပါအဝင် ၁၇၆ ဦး သေဆုံးပြီး ၃၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရခိုင်နှင့် မန္တလေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့ပြီး စစ်ကိုင်းနှင့် ရခိုင်တို့တွင် သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိမှု အမြင့်ဆုံးဖြစ်ခဲ့သည်ဟု MDSI ကဆိုသည်။

 

ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ သည် စစ်ကိုင်းတိုင်းအတွင်းတွင် ၄၂ ရာခိုင်နှုန်းဖြင့် အများဆုံးတိုက်ခိုက်ခံရခြင်းဖြစ်ပြီး မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှာလည်း အပြင်းအထန်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

 

နိုဝင်ဘာလအတွင်းက စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုမှာ ၆၆ ကြိမ်ရှိခဲ့ပြီး ဒီဇင်ဘာလတွင် ၁၁၉ ကြိမ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ခိုက်မှုတိုးမြင့်လာပြီး သေဆုံးဒဏ်ရာရရှိမှုနှုန်းမှာလည်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း သိရသည်။

 

စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုကို လူအများအိပ်စက်ချိန် ညပိုင်းအချိန်များ၌ ပြုလုပ်ခဲ့သည်ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုနှင့် အထိအခိုက်များစေရန် ရည်ရွယ်ထားကြောင်း တွေ့ရသည်။

 

အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့်အနေဖြင့် စစ်ကော်မရှင်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံနှင့် ရွှေလုပ်ကွက်၊ ရေနံမှော်စသည့် စစ်ရေးနှင့်ပတ်သက်ခြင်းမရှိသည့်နေရာများကို အဓိကထား တိုက်ခိုက်လာသည်။

 

ဆေးကုသနေသူများနှင့် ဆေးရုံဝန်ထမ်းများအပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိခဲ့သည့် မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုကို စစ်ကော်မရှင်က အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်ရေးပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ထားမှုမသည်။