ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ရန်ကုန်တိုင်းအတွင်းရှိ လူငယ်များကို စစ်ကော်မရှင်က လစဉ်မတရားဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းအတွင်းမှ လူငယ် ၁၀၆ ဦးကို မတရားဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း Rangoon Scout Network-RSN မှ ထုတ်ပြန်သည်။

စစ်ကော်မရှင်သည် ၎င်းတို့ ဖမ်းဆီးသွားသည့် လူငယ် ၁၀၆ ဦးအနက် ၁၃ ဦးကို အကြောင်း အမျိုးမျိုးကြောင့် ပြန်လွှတ်ပေးခဲ့ကာ ၁၀ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ပြီး ကျန်သည့် ၈၃ ဦး၏ နောက်ဆက်တွဲအ‌ခြေအနေကိုမူ သိရှိရခြင်းမရှိကြောင်း RSN ကဆိုသည်။

စစ်ကော်မရှင်က လမ်းမပေါ် သွားလာနေသူများနှင့် လမ်းဘေးထိုင်‌နေသူများကိုပင် ဖမ်းဆီးခဲ့ရာ အကြောင်းမဲ့ ဖမ်းဆီးခံရသူ ၇၀ ကျော်အထိရှိခဲ့သည်။ သတင်းအတိအကျဖြင့် ရှာဖွေ စောင့်ဆိုင်းဖမ်းဆီးခံရသူ ၁၇ ဦးရှိခဲ့ပြီး စစ်ရေးလှုပ်ရှားတွင် ပါဝင်ပတ်သက် သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူများလည်းရှိသည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စစ်ကော်မရှင်ကို ဝေဖန်သူများဟု စွပ်စွဲ ဖမ်းဆီးခံရသူ များရှိသလို ရပ်ကွက်အတွင်း ဆန့်ကျင်စကားပြောဆိုသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူများလည်း ရှိသည်။

စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်လိုက်သည့် လူငယ် ၁၀ ဦးတွင် ခုနစ် ဦးမှာ ထွက်ပြေး လွတ်မြောက်သွားပြီး နောက် ထပ်တစ်ဦးကိုမူ မိသားစုက ငွေကြေးပေးကာ ပြန်လည်ရွေးထုတ်ယူ ရကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးခံရမှုများကို စစ်တမ်းကောက်ယူရာတွင် စစ်ကော်မရှင်ဘက်မှ မတရားဖမ်း ဆီးခဲ့မှုများကိုသာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဓားပြမှု၊ မူးယစ်မှု၊ လောင်းကစားမှု၊ လိမ်လည်မှုစသည့် ပြစ်မှုဥပဒေများဖြင့် ဖမ်းဆီးခံရသူများကို ထည့်သွင်းထားခြင်းမရှိကြောင်း RSN က ဆိုသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)