ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်
သူ့ရဲ့နေအိမ်ဟာ ပြီးခဲ့တဲ့အပတ်အတွင်း ယူကရိန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုခံခဲ့ရတယ်ဆိုတဲ့ ရုရှား သမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောဆိုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံအနောက်မြောက်ပိုင်း Novgorod ဒေသရှိ သူ့ရဲ့အိမ်တော်ကို ယူကရိန်းဒရုန်းတွေက တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာလ ၂၉ ရက်က ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုမှုအတွင်း ပူတင်က ပြောဆိုခဲ့ပါ တယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ရပ်တည်ချက် တင်းမာနိုင်တယ်လို့ ပူတင်က အရိပ်အမြွက်ထုတ်ပြောခဲ့ပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ယူကရိန်းကို စွပ်စွဲတဲ့အပေါ် သူမကြိုက်ကြောင်း၊ အလွန်ပင် စိတ်ဆိုးရ ကြောင်း ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံက အချက်အလက်တွေကို စစ်ဆေးနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ဒီတိုက်ခိုက်မှု ဖြစ်ပွား ခဲ့တာကို မယုံကြည်ဘူးလို့ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါ တယ်။
ပူတင်ရဲ့ စွပ်စွဲချက်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက အစကတည်းက ငြင်းဆန်ခဲ့ပြီး ထိုပြောဆို ချက်ဟာ လုံးဝ လိမ်လည်လှည့်ဖျားမှုတစ်ခုလို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ တစ်ပတ်အတွင်း ယူကရိန်းကို ပဲ့ထိန်းဗုံး ၂၀၀၀၊ လေကြောင်းဒရုန်းနဲ့ ဒုံးကျည်တွေ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ၎င်းက တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ဖြစ်နိုင်ချေရှိတဲ့ လမ်းကြောင်းနှစ်ခုစလုံးအတွက် ပြင်ဆင်ထားမယ်လို့ သူက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump no longer believes Ukraine attacked Putin’s residence