ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဗင်နီဇွဲလားနိုင်ငံတွင်း လုပ်ရပ်တွေဟာ ဥပဒေနဲ့မညီညွတ်သ လို မတည်မငြိမ်ဖြစ်စေတယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဥက္ကဌ ဒီမီထရီမတ်ဗီဒတ်နဲ့ အကြီးတန်း လွှတ် တော်အမတ်တစ်ဉီးက ပြောပါတယ်။
အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်ကာ သမ္မတ မာဒူရိုနဲ့ဇနီးသည်တို့ကို ဖမ်းဆီး ခေါ်ဆောင်တာကြောင့် နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေ ဖြစ်စေကာ ကုလသမဂ္ဂမှာ အရေးပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်ဟာ တရားမဝင်သော်လည်း အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်တာကြောင့် ပြည်တွင်းမှာ ညီညွတ်မှုရှိတယ်လို့ မတ်ဗီဒတ်က ဇန်နဝါရီလ ၄ ရက်မှာ ရုရှားသတင်းဌာန TASS သို့ ပြော ကြားခဲ့ပါတယ်။
“ထရမ့်ရဲ့အပြုအမူဟာ ဥပဒေနဲ့မညီညွတ်ပေမယ့် သူ့ရဲ့လုပ်ရပ်ဟာ တစ်သမတ်တည်းရှိတာဆို တာ ငြင်းမရပါဘူး။ သူတို့ဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အပြင်းအထန် ကာကွယ်ပါ တယ်” လို့ ၎င်းက ဆိုပါတယ်။
လက်တင်အမေရိကကို အမေရိကန်နိုင်ငံရဲ့ နောက်ဖေးအဖြစ် ရှုမြင်ထားပြီး ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားရေနံနဲ့ သြဇာလွှမ်းမိုးမှုရဖို့ ကြိုးပမ်းနေတာလို့ သူက ပြောပါတယ်။
အင်အားကြီးတိုင်းပြည်တစ်ခုကို စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ပါက စစ်ပွဲဆင်နွှဲမှုအဖြစ် ရှုမြင်ခံ ရမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်တွေနဲ့ ထုတ်ပြန်ချက်တွေရဲ့ ထိရောက်မှုဟာ အခြားအကြောင်းအရာဖြစ် တယ်လို့ ရုရှား အထက်လွှတ်တော်အမတ် အလက်ဇီပွတ်ကော့ဗ်က ပြောပါတယ်။
အီရတ်၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျားမှာ အမေရိကန်ရဲ့ စောလျင်စွာ အောင်ပွဲခံမှု ကြေညာချက် တွေနဲ့ ၎င်းနဲ့ နှိုင်းယှဉ်ခဲ့ပြီး ရှုံးနိမ့်မှု သို့မဟုတ် တာရှည်သော ပဋိပက္ခတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကား – Reuters
Ref; Russian politicians say Trump strike on Venezuela unlawful, destabilising