ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ဗင်နီဇွဲလားနိုင်ငံကို ဆက်လက်ပြီး အုပ်ချုပ်မယ်လို့ ဖြုတ်ချခံ သမ္မတ နီကိုးလတ်မာဒူရိုရဲ့ အနီး ကပ်လက်ထောက်တွေက ပြောကြားပြီး ဗင်နီဇွဲလားနိုင်ငံကို စီမံအုပ်ချုပ်မယ့် အမေရိကန်နိုင်ငံရဲ့ အစီအ စဉ်ကို ဖီဆန်လိုက်ပါတယ်။
သမ္မတ မာဒူရိုနဲ့ဇနီးသည်တို့အား ဖမ်းဆီးမှု၊ လုံခြုံရေးအဖွဲ့ဝင်တွေ၊ စစ်သားတွေအပြင် အရပ်သား တွေကို သတ်ဖြတ်မှုအား ဗင်နီဇွဲလားစစ်တပ်က အပြင်းအထန် ရှုတ်ချကြောင်း ကာကွယ်ရေးဝန်ကြီး ဗ လာဒီမာပက်ဒရီနိုက တနင်္ဂနွေနေ့မှာ ရုပ်သံထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်ဟာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တာကြောင့် ကမ္ဘာကြီးက သတိထားသင့်ပြီး အမေရိကန်နိုင်ငံ လိုလားတဲ့ ကိုလိုနီပြုခြင်းကို ဗင်နီဇွဲလားနိုင်ငံက ပယ်ချကြောင်း ၎င်း က ဆက်ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ စနေနေ့က ဗင်နီဇွဲလားနိုင်ငံမှာ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ပြီး မာဒူရိုနဲ့ဇနီးသည်တို့ကို ဖမ်းဆီးခဲ့ပါတယ်။
မာဒူရိုနဲ့ဇနီးသည်တို့ကို နယူးယောက်မြို့ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုသို့ လွှဲပြောင်းပေးကာ ၎င်း တို့ဟာ မူးယစ်မှောင်ခိုမှု၊ အခြားစွဲချက်တွေကို တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘေးကင်းသော အသွင်ကူးပြောင်းရေးဖြစ်ချိန်အထိ အမေရိကန်နိုင်ငံက ဗင်နီဇွဲလားနိုင်ငံကို အုပ် ချုပ်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ရေနံလုပ်ငန်းတစ်ခုလုံးမှာ အပြောင်းအလဲတွေ ပြုလုပ်ချိန်အထိ ဒဏ်ခတ်ပိတ်ဆို့ခံထိ ရေနံတွေ တင်ပို့တာ၊ တင်သွင်းတာကို ပြုလုပ်မှာမဟုတ်ဖူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။
“အမေရိကန်နဲ့ ဗင်နီဇွဲလားပြည်သူတွေရဲ့ အမျိုးသားအကျိုးစီးပွားတွေ ပြည့်မီတဲ့အခြေအနေ ရောက်ချိန်အထိ ဗင်နီဇွဲလားရေနံလုပ်ငန်း ရှေ့ဆက်လုပ်မရပါဘူး” လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Maduro aides to govern as US signals plan to ‘run’ Venezuela