တောင်ငူ /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့ ၊ ခရိုင်အားကစားကွင်းအတွင်း ကျင်းပသည့်သော( ၇၈ )ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ( ၄ )ရက် ၊ ည ၇ နာရီ မိနစ်၃၀ခန့်က လွပ်လပ်ရေးကျောက်တိုင်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
“လုံခြုံရေးတဲ နောက်ကျောကပ်လျှက် လွတ်လပ်ရေးကျောက်တိုင်ဘေးမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာပါ။ ထိခိုက်ပျက်စီးမှုတော့မရှိပါဘူး ” ဟု တောင်ငူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပေါက်ကွဲသံမှာကျယ်လောင်ပြီး ပွဲကျင်းပရာမှ လေးမိုင်ဝန်းကျင်အထိ ကြားရကြောင်း ဒေသခံများကပြောသည်။
လွတ်လပ်ရေးပွဲတော်တွင် တရားမဝင် လောင်းကစားဝိုင်းများကို အစပိုင်းတွင် ထည့်သွင်းကျင်းပခဲ့ရာ ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် လုပ်ခွင့်ရပြီး နောက်ပိုင်းပိတ်သိမ်းလိုက်သည်။
မြန်မာနိုင်ငံရှိ လွတ်လပ်ရေးပွဲတော်များအနက် တောင်ငူမြို့ လွတ်လပ်ရေးပွဲတော်သည် ရက်ရှည်ကျင်းပသောပွဲတော်တခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှာ စျေးသည်များလာရောက်သောကြောင့် အလွန်စည်ကားသော ပွဲတော်တခုလည်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ငူမြို့လွတ်လပ်ရေးပွဲတော်တွင် နှစ်စဉ်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း မြို့ခံများထံက သိရသည်။