ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအ နားမှာ မြန်မာပြည်သူတွေကို ပံ့ပိုးကူညီမယ်လို့ အမေရိကန်နိုင်ငံရဲ့ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး မာကိုရူ ဘီယိုက ထပ်လောင်းပြောကြားပါတယ်။

မြန်မာပြည်သူတွေနဲ့ ၎င်းတို့ရဲ့ ငြိမ်းချမ်းသော၊ တရားမျှတသော၊ သာယာဝပြောသော အနာဂတ် တစ်ရပ် ထူထောင်ရေး စိတ်ပိုင်းဖြတ်ထားမှုကို ဆက်လက်ကူညီဖို့ အမေရိကန်နိုင်ငံက သံန္နိဌာန်ချထား တယ်လို့ ၎င်းက ဆိုပါတယ်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေတာကို အလွန်အမင်း စိုးရိမ်တယ် လို့ သူက ဆက်ပြောပါတယ်။

အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြု ဖို့၊ မတရား ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့၊ ပဋိပက္ခအဆုံးသတ်ရေး ငြိမ်းချမ်းသော ရေရှည်အ ဖြေရှာနိုင်မယ့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ မာကိုရူဘီယိုက မြန်မာစစ်အုပ်စုကို တိုက်တွန်းပါတယ်။

ဒါဟာ ဘေးကင်းလုံခြုံပြီး သာယာဝပြောသော အာရှ-ပစိဖိတ်ဒေသဖြစ်ရေးမှာ မရှိမဖြစ် အရေး ကြီးတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – https://www.state.gov/
Ref; Burma Independence Day press statement