‎‎ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၄ ရက်

‎‎၇၈နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထောင်အသီးသီးမှ အကျဉ်းကျခံနေရသူအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်ကော်မရှင်က ပြန်လည်လွှတ်ပေးရာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် လွတ်မြောက်လာကြောင်း သိရသည်။

‎‎ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်က ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

‎‎လူမှုကွန်ရက်စာမျက်နှာတွင် စစ်တပ်ကို ဝေဖန်စာရေးသားသည်ဟုဆိုကာ ပုဒ်မ ၁၂၄ ဃ၊ ပုဒ်မ ၅၀၅တို့ဖြင့်အလုံခရိုင်တရားရုံးက ဦးရဲထွဋ်ကို ထောင်ဒဏ် ၁၀နှစ်ချပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

‎‎ယနေ့ ဒီဇင်ဘာ ၄ရက်နေ့တွင် စစ်ကော်မရှင်က တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသူ ၆၀၀၀ ကျော်ကို လွတ်ငြိမ်းဖြင့်ပြန်လည်လွှတ်ပေးရာ အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၈၀၀ ကျော်ပြန်လည်လွတ်မြောက်ကြောင်း သိရသည်။

‎နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲဆို အကျဉ်းချခံထားရသူများမှာ ယခုလွတ်ငြိမ်းတွင် ပါဝင်မှုမရှိသလောက်နည်းပါးပြီး လွတ်ရက်‌နီးသူများနှင့် အခြားပုဒ်မများဖြင့် ထောင်ချခံထားရသူများသာ ပြန်လည်လွတ်မြောက်လာကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။

#ပြန်ကြားရေးဝန်ကြီးဟောင်း #ဦးရဲထွဋ် #အင်းစိန်ထောင် #လွတ်ငြိမ်းချမ်းသာခွင့် #၇၈နှစ်မြောက်လွတ်လပ်ရေးနေ့ #Ayeyarwaddy_Times