ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

အမေရိကန်နိုင်ငံရဲ့ ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်မှုနဲ့ သမ္မတ နီကိုးလတ်မာဒူရိုအား ဖမ်းဆီးမှုကို တရုတ်နိုင်ငံက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

အမေရိကန်နိုင်ငံက အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုကို အင်အားသုံးတိုက်ခိုက်ပြီး သမ္မတကို ဖမ်းဆီးတဲ့အပေါ် တရုတ်နိုင်ငံက အံ့အားသင့်ရပြီး အဆိုပါလုပ်ရပ်ကို အပြင်းအထန် ရှုတ်ချ ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဗိုလ်ကျသောလုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာကြောင့် တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို လိုက်နာဖို့ ထုတ်ပြန်ချက်က အမေရိ ကန်ကို တိုက်တွန်းပြီး အခြားတိုင်းပြည်တွေရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးချိုးဖောက်မှု ရပ်တန့်ဖို့ တောင်းဆိုပါတယ်။

တရုတ်နိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ရှိပါတယ်။ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ မဲလိမ်မှုကြောင့် အမေရိကန်နဲ့ အခြားတိုင်းပြည်တွေက မာဒူရိုအား သမ္မတအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က မာဒူရိုရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ အထူးကိုယ်စားလှယ်တစ်ဉီး စေလွှတ်ခဲ့ပါတယ်။ ရှီကျင့်ဖျင်နဲ့ မာဒူရိုဟာ ပြီးခဲ့တဲ့နှစ် မေလမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

တရုတ်နဲ့ဗင်နီဇွဲလားဟာ စွမ်းအင်ကဏ္ဍ အပါအဝင် စီးပွားရေးနဲ့ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်ခဲ့ ပြီး တရုတ်ဟာ ဗင်နီဇွဲလားရဲ့ ထိပ်တန်းရေနံဝယ်လက် ဖြစ်ပါတယ်။

ကိုးကား – NHK
Ref; China strongly condemns US strike on Venezuela