ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ရုရှားနဲ့ယူကရိန်းဟာ တိုက်ခိုက်မှုတွေပြုလုပ်ကြောင်း အပြန်အလှန် စွပ်စွဲခဲ့ပြီး အမေရိကန်အကျိုး ဆောင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက ယခုချိန်ထိ သဘောတူညီချက်တစ်ရပ် မရသေးပေ။

ယူကရိန်းရဲ့ ဒရုန်းတွေက ယူကရိန်းတောင်ပိုင်း ခါဆင်ဒေသရှိ ကဖေးဆိုင်တစ်ခုနဲ့ ဟိုတယ်တစ် လုံးကို ထိမှန်ခဲ့တယ်လို့ ရုရှား၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိခဲ့တယ်လို့ အဆို ပါဝန်ကြီးဌာနက ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားစစ်တပ်နဲ့ စွမ်းအင်အဆောက်အအုံတွေကို အထူး တိုက်ခိုက်နေ တယ်လို့ ယူကရိန်းစစ်တပ်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက သတင်းထောက်တွေကို ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက ဒေသ ၇ ခုရှိ စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ တိုးတက်မှုလက္ခဏာတွေ အနည်းငယ် သာ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက သမ္မတအိမ်တော် ဒရုန်းတိုက်ခိုက်မှုခံခဲ့ရတယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြော ကြားပြီးနောက် ရပ်တည်ချက် တင်းမာနိုင်တယ်လို့ ရုရှားနိုင်ငံက ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံက အပေးအယူလုပ်ဖို့ အဆင်သင့်ရှိပေမယ့် ရှက်ဖွယ်လုပ်ရပ်တော့ မလုပ်ဘူးလို့ ဇီ လန်စကီးက နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

ကိုးကား – NHK
Ref; Russia, Ukraine blame each other for attacks