
စစ်အုပ်စုလက်အောက်ခံ ကြို့ပင်ကောက်မြို့မရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မရဲစခန်း စက်တင်ဘာ ၆ ရက် ယမန် နေ့ ည ၈ နာရီဝန်းကျင်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အနောက်တောင်ရပ်ကွက်၊ ဂါတ်သစ်လမ်းမှာရှိတဲ့ ရဲစခန်းအဝင်ရဲကင်းဂိတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက်မှုအခြေအနေမသိဘူးလို့ မြို့ခံတဦးကပြောပါတယ်။
“ ရဲစခန်းအဝင်ဂိတ်ကို ဗုံးနဲ့ပစ်သွားတာလို့သိရတယ်။ ဗုံးကွဲသံလည်းကြားရတယ်။ ထိတာခိုက်တာတော့ မသိဘူး” လို့ မြို့ခံအမျိုးသားတဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Dragon Brothers PDF (GBK) အဖွဲ့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး (ပါးရိုက်/ နားရိုက် ) စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိဘဲအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ တယ်လို့ထုတ်ပြန်ထား ပါတယ်။
Dragon Brothers PDF အဖွဲ့ဟာ ဩဂုတ်လ ၅ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်ရန်ကုန်-ပြည်ကားလမ်းဘေး မြို့အဝင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
#Ayeyarwaddy_Times