ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
အီရန်အစိုးရက ဆန္ဒပြသူတွေကို ပစ်ခတ်ပြီး အကြမ်းဖက် သတ်ဖြတ်ပါက အမေရိကန်နိုင်ငံက လာရောက်ကယ်တင်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ ပစ္စည်းတွေ အပြည့်တင်ထားပြီး သွားရောက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ ၎င်းက လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
စီးပွားရေး အကျပ်အတည်းတွေကြောင့် သုံးနှစ်အတွင်း ဆန္ဒပြပွဲတွေဟာ ပြည်နယ်များစွာမှာ အ ကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရာ လူအများအပြား သေဆုံးပြီးနောက် ဒေါ်နယ်ထရမ့်က အခုလို ပြောကြား တာပါ။
ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ ကုန်ဈေးနှုန်းတွေ အလျင်အမြန် မြင့်တက်လာမှုအပေါ် အစိုးရရဲ့ ကိုင် တွယ်ပုံနဲ့ပတ်သက်လို့ တနင်္ဂနွေနေ့မှာ ဆိုင်ရှင်တွေရဲ့ ဆန္ဒပြမှုတွေ စတင်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း ပျံ့နှံ့ သွားတဲ့ မငြိမ်မသက်မှုမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ပဋိပက္ခတွေ သိသိသာသာ မြင့်တက် လာပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ပထမသက်တမ်းအတွင်း အပြည်ပြည်ဆိုင်ရာ နျူကလီးယား သဘောတူညီ ချက်မှ နှုတ်ထွက်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အမေရိကန်နိုင်ငံက ဒဏ်ခတ်အရေးယူပြီးနောက်ပိုင်း အီရန်နိုင်ငံရဲ့ စီးပွားရေးဟာ ရုန်းကန်ခဲ့ရတာ နှစ်ချီကြာမြင့်ပြီဖြစ်ပါတယ်။
ထိပ်တန်း အီရန် အရာရှိတစ်ဉီးဖြစ်သူ အလီလာရီဂျာနီက ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားကို တုံ့ ပြန်ခဲ့ပြီး အီရန်ပြည်တွင်းရေးမှာ အမေရိကန်ရဲ့စွက်ဖက်မှုဟာ ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေမယ် လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်တစ်ဉီး အပါအဝင် လူခြောက်ဉီး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ဆန္ဒပြပွဲတွေဖြစ်ရတာဟာ အာဏာပိုင်တွေရဲ့ ပျက်ကွက်မှုတွေကြောင့်လို့ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်း ခြောက်စကား မပြောကြားမီ အီရန်သမ္မတ ပီဇက်ကီယန်က ဝန်ခံခဲ့ပါတယ်။
လက်ရှိဆန္ဒပြပွဲတွေအတွင်း အမျိုးသမီး ၇ ဉီးနဲ့ ကလေးငယ်နှစ်ဉီး အပါအဝင် ဆန္ဒပြသူ ၂၉ ဉီးကို ဖမ်းဆီးခဲ့တယ်လို့ Hengaw လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Trump threatens Iran over protest deaths as unrest flares