ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ဂျပန်နိုင်ငံရှိ နိုင်ငံရေးအင်အားစုအချို့က သမိုင်းကြောင်းကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေတယ် လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ် အရေးပေါ်အခြေအနေနဲ့ပတ်သက်တဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ပြောစကားကို ရည်ညွှန်းပြီး သူ က အခုလို မှတ်ချက်ထွက်ပေါ်လာတာပါ။

ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွမ်နဲ့ ဖုန်းပြောဆိုမှုမှာ ဝမ်ယိက အခုလို မှတ်ချက်ပြုခဲ့တာပါ။ ဇန်နဝါရီလအတွင်းပြုလုပ်မယ့် တရုတ်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမတိုင် မီ ၎င်းတို့နှစ်ဉီး ဆွေးနွေးခဲ့တာပါ။

တနင်္ဂနွေနေ့မှာစတင်မယ့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ရဲ့ တရုတ်ခရီးစဉ်အတွက် အတူ တကွ လက်တွဲဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးနှစ်ဉီးက သဘောတူခဲ့ပါတယ်။

တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပြီလို့ ဖုန်းပြော ဆိုမှုအတွင်း ဝမ်ယိက ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံက သမိုင်းကြောင်းနဲ့ပြည်သူအတွက် တာဝန်သိသော သဘောထားကို စောင့်ထိန်းကာ မှန်ကန်သောရပ်တည်ချက် ချမှတ်ပြီး နိုင်ငံတကာမျှတမှုကို ကာကွယ်စောင့်ရှောက်ဖို့ ယုံ ကြည်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

အရှေ့မြောက်အာရှမှာ တည်ငြိမ်မှုနဲ့ သာယာဝပြောမှုရရှိရေး စဉ်ဆက်မပြတ်သော ကတိကဝတ် ကို ဝန်ကြီးနှစ်ဉီးက အတည်ပြုခဲ့တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် တာကိုင်ချိဆာနေးရဲ့ ထိုင်ဝမ် အရေးပေါ်အခြေအနေနဲ့ပတ်သက်တဲ့ လွှတ်တော် တွင်း ပြောဆိုချက်ကို တရုတ်နိုင်ငံက ဝေဖန်ခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဂျပန်အရေးမှာ တရုတ်နဲ့အတူ ရပ်တည်ဖို့ တရုတ်နိုင်ငံက တောင်ကိုရီးယားကို တိုက်တွန်းဖို့ ကြိုး ပမ်းနေတယ်လို့ လေ့လာသူတွေက ဆက်ပြောပါတယ်။

ကိုးကား – NHK
Ref; China: Some Japanese political forces ‘trying to reverse course of history’