ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂ ရက်

ဆွစ်ဇာလန်နိုင်ငံ၊ အဲလ်ပိုင်းတောင်တန်းပေါ်ရှိ စကိတ်အပန်းဖြေစခန်းမြို့ Crans-Montana က လူစည်ကားရာ ဘားတစ်ခုမှာ နှစ်သစ်ကူးအကြိုနေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၄၀ ခန့် သေဆုံး ခဲ့ပြီး ၁၁၅ ဦး ဒဏ်ရာရ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Le Constellation ဆိုတဲ့ ဇိမ်ခံဘားတစ်ခုမှာ ဧည့်သည်တွေက နှစ်သစ်ကူးပွဲ ဆင်နွှဲနေချိန် ကြာ သပတေးနေ့မနက်ပိုင်းမှာ မီးလောင်မှု စတင်ခဲ့တာလို့ ဆွစ်ဇာလန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂေတန် လတ်သီယန်က ပြောပါတယ်။

သေဆုံးသူတွေ မည်သူမည်ဝါဖော်ထုတ်ဖို့နဲ့ မိသားစုဝင်တွေကို အကြောင်းကြားဖို့ ဆောင်ရွက် နေတယ်လို့ ဆွစ်ဇာလန်အနောက်တောင်ပိုင်း Valais မြို့မှ ရဲတပ်ဖွဲ့မှူး ဖရက်ဒရစ်ဂစ္စတာက သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

“အခန်းတစ်ခုလုံး မီးလောင်ကျွမ်းခဲ့တာကြောင့် ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာလို့ ကျွန်တော်တို့ ယူ ဆပါတယ်” လို့ ရှေ့နေချုပ် ဘိထရိုက်စ်ပီးလောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Crans-Montana ဟာ ကမ္ဘာလှည့်ခရီးသွားတွေကြား ထင်ရှားကျော်ကြားပြီး သေဆုံးသူတွေထဲ မှာ နိုင်ငံခြားသားအချို့ ပါဝင်တယ်လို့ Wallis လုံခြုံရေးဌာန အကြီးအကဲ စတီဖန်ဂန်ဇာက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးပြီးချင်း ဆွစ်မီဒီယာတွေထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ မီးလောင်နေတဲ့ အဆောက်အအုံတစ်လုံးနဲ့ အရေးပေါ် ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူတွေ အနီးအနားမှာရှိနေတာကို မြင်တွေ့ရပါတယ်။

ဒဏ်ရာရရှိသူအများစုက စိုးရိမ်ရပြီး Valais ဆေးရုံ အထူးကုသဆောင်မှာ လူနာတွေ ပြည့်နှက် နေတာကြောင့် အချို့ကို အချို့နေရာများသို့ ရွှေ့ပြောင်းခဲ့တယ်လို့ ဒေသဆိုင်ရာကောင်စစ်ဝန် မာသီးယပ် ရီနဒ်က ပြောပါတယ်။

ကိုးကား – Aljazeera
Ref; About 40 people killed, 115 injured in blaze at Swiss ski resort town