ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

ထိုင်းနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်နဲ့အညီ ကမ္ဘောဒီးယားစစ်သား ၁၈ ဦး ကို လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီလအစောပိုင်းက နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ စနေနေ့က အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။

နောက်ဆုံးအကြိမ် ပဋိပက္ခဟာ ဇူလိုင်လမှာ စတင်ခဲ့ပြီး နှစ်ဘက်စလုံးမှာ အရပ်သားတွေ အပါအ ဝင် လူ ၅၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ နှစ်နိုင်ငံကြား တာရှည်ခံသော ငြိမ်းချမ်းရေးကို မြှင့်တင်မယ့် လုပ်တွေ့ လုပ်ရပ်မှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုကို ပြသမယ်လို့ ထိုင်းနိုင်ငံ မျှော်လင့်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန် ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘောဒီးယားစစ်သားတွေကို လွှတ်ပေးခြင်းအား ကမ္ဘောဒီးယား ကာကွယ်ရေးဝန် ကြီးဌာနက ကြိုဆိုခဲ့ပါတယ်။

“စစ်သားတွေကို လွှတ်ပေးတာဟာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရာမှာ သိသာစွာ ထောက်ကူစေမယ်လို့ ကမ္ဘောဒီးယားနိုင်ငံက မျှော်လင့်ဆဲပဲလို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ တင်းမာမှုတွေ လျှော့ချပေး မပေးဆိုတာကို စောင့် ကြည့်မှုတွေ ရှိနေပါတယ်။

ကိုးကား – NHK
Ref; Thailand releases 18 Cambodian soldiers following agreed ceasefire