ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁ ရက်

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီးနောက် ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ဇန်န ဝါရီလ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားဖို့ ကတိပြုလိုက်ပါ တယ်။

“ကျွန်တော့်ရပ်တည်ချက်က အမြဲ ရှင်းလင်းပါတယ်။ ကျွန်တော့်ရပ်တည်ချက်က အချုပ်အခြာ အာဏာကို ကာကွယ်ဖို့၊ အမျိုးသားကာကွယ်ရေးနဲ့ လူ့အသိုင်းအဝိုင်းရဲ့ ကြံ့ကြံ့ခိုင်နိုင်စွမ်းကို မြှင့်တင်ဖို့၊ ထိရောက်သော ဟန့်တာရေးစွမ်းရည် ထူထောင်ဖို့နဲ့ ဒီမိုကရေစီ ကာကွယ်ရေးယန္တယားတွေ တည် ဆောက်ဖို့ ဖြစ်ပါတယ်” သမ္မတရုံးမှပြောကြားတဲ့ ရုပ်သံမိန့်ခွန်းအတွင်း ၎င်းက ဆိုပါတယ်။

ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံက ကြေညာပြီးနောက် လိုင်ချင်တေးက အခုလို မှတ်ချက်ပြုတာပါ။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ဖို့ ဒီသီတင်းပတ်အတွင်း ဒုံးကျည်တွေပစ်ခတ်ကာ ဒါ ဇင်နဲ့ချီတဲ့ ဂျက်တိုက်လေ ယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်တွေ ဖြန့်ကြက်ခဲ့ ပါတယ်။

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ရှိ အရေးပါတဲ့ဆိပ်ကမ်းတွေကို ပိတ်ဆို့ဖို့နဲ့ ရေ ကြောင်းပစ်မှတ်တွေကို တိုက်ခိုက်တဲ့ ပုံစံတူလေ့ကျင့်မှု ဖြစ်ပါတယ်။

ထိုင်ဝမ်က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ရန်စမှုအဖြစ် ရှုတ်ချခဲ့ပြီး ထိုင်ဝမ်ကျွန်းကို မပိတ်ဆို့ နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ကိုးကား – AFP
Ref; Taiwan’s president vows to ‘steadfastly defend’ sovereignty after China drills