ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

 

လာမည့် ၇၈ နှစ်မြာက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကြိုဆိုမှုအဖြစ် ရန်ကုန်မြို့ရှိ ဈေးဆိုင်၊ နေအိမ်များနှင့် ဆိုင်ကယ်ဘေးတွဲများတွင် ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ကာ နိုင်ငံတော်အလံလွှင့်ခိုင်းထားကြာင်း သိရသည်။

 

ထို့အပြင် ရန်ကုန်မြို့အပါအဝင် နယ်မြို့များတွင်လည်း အလံလွှင့်ရန် ခိုင်းစေမှုများရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အများပြည်သူပိုင် နေအိမ်များတွင် အလံလွှင့်ရန်နှိုးဆာ်နေပြီး အလံတစ်ခုလျှင် ငါးထာင်ကျပ်ဖြင့်ရာင်းချကြာင်း အင်းစိန်မြို့နယ်နထိုင်သူ တစ်ဦးက ပြောကြားသည်။

“လွတ်လပ် ရေးနေ့အတွက် အိမ်တွေမှာ အလံလွှင့်ဖို့ ရပ်ကွက်လူကြီးတွေလိုက်ပြောတယ်။ အလံရှိရင်တပ်၊ မရှိရင်အလံပါတစ်ခါတည်းရောင်းတယ်။ ငါးထာင်နဲ့ ” ဟု ၎င်းက ဆိုသည်။

 

ထို့ပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆိုင်ကယ်ဘေးတွဲများကိုလည်း အလံပေးပြီး တပ်ခိုင်းကြောင်းသိရသည်။

 

“အလံတစ်ခုဘယ်သူကဝယ်မှာတုန်း။ စားဖို့တောင် အနိုင်နိုင်ကို။ အုပ်ကြီးပေးပြီး တပ်ဆိုလို့တပ်ရတာပေါ့ ” ဟု လှိုင်သာယာမြို့နယ်ရှိ ကယ်ရီသမားတစ်ဦး က ပြောကြားသည်။

 

ယခင်နှစ်များတွင်မူ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့်ပတ်သက်ပြီး ဘတ်စ်ကားလိုင်းများတွင် အလံများလွှင့်ခဲ့ကြသည်။

ဓာတ်ပုံ – လူမှုကွန်ရက်