ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

လုံခြုံရေးအာမခံချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းမှာ အမေရိကန်တပ်ဖွဲ့တွေ တပ်စွဲ ဖို့ကိစ္စကို အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးနေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ဖြစ်ပွားလာတဲ့ စစ်ပွဲကို ဘယ်လို အဆုံးသတ်မယ်ဆိုတာ ဆက်လက် ပြီး ဆွေးနွေးဖို့ ယူကရိန်းနိုင်ငံက သံန္နိဌာန်ချထားပြီး ပူတင်နဲ့ မည်သည့်ပုံစံနဲ့မဆို တွေ့ဆုံဖို့ အဆင်သင့်ရှိ တယ်လို့ ၎င်းက ဆိုပါတယ်။

သူနဲ့ ဇီလန်စကီးဟာ သဘောတူညီချက်ရဖို့ နီးကပ်နေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး သူက ဇီလန်စကီးထက် လုံခြုံရေးအာမခံချက်ကို ပိုပြီး သတိထားတယ်လို့ ဆိုပါတယ်။

ပူတင်ရဲ့ ရုရှားသမ္မတအိမ်တော်တွေထဲကတစ်ခုကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် သူ့ရဲ့ စေ့စပ်ညှိနှိုင်းရေး ရပ်တည်ချက်ဟာ ပိုပြင်းလာခဲ့တယ်လို့ ရုရှားနိုင်ငံက ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ တပ်စွဲမှုဟာ ယူကရိန်းအတွက် အရေးပါတဲ့ လုံခြုံရေး အာမခံချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဇီလန်စကီးက ပြောပါတယ်။

နက်ရှိုင်းသော အပြန်အလှန် ယုံကြည်မှု မရှိလင့်ကစား ရုရှားသမ္မတ ပူတင်ကို တွေ့ဆုံလိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းက Novgorod ဒေသရှိ သမ္မတအိမ်တော်တစ်ခုကို တာဝေးတိုက်ခိုက်ရေးဒရုန်း ၉၁ စင်းနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားနိုင်ငံက ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုဟာ နိုင်ငံတော်အကြမ်းဖက်မှုဖြစ်ပြီး ရုရှားဟာ ယူကရိန်းမှာ လက် တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ပစ်မှတ်တွေ သတ်မှတ်ပြီးပြီလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်က ပြောပါတယ်။

ကိုးကား – Reuters
Ref; Zelenskiy discusses US troop presence in Ukraine with Trump