မအူပင်မြို့တွင် သက်သာချောင်ချိရေး ရောင်းချသည့် စစ်ကောင်စီတပ် ဆန်အိတ်များပျောက်ဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၇ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ သက်သာချောင်ချိရေးခေါင်းစဉ်နဲ့ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတွေကို ဆန်အိတ်လိုက်လံရောင်းချချိန်မှာ ဆန်အိတ်ပျောက်ဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံပြည်သူတွေကို ရောင်းချဖို့ဆန်အိတ်တွေကို လုပ်ငန်းရှင်တွေကို ဖိအားပေးပြီး ထုတ်ခိုင်းတာဖြစ်သလို တကယ်ရောင်းချချိန်မှာ လုပ်ငန်းရှင်တွေထုတ်ပေးထားတဲ့ ဆန်အိတ်တချို့ပျောက်ဆုံးသွားတာလို့ ဒေသခံတွေ ကပြောပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်