
ဖရူဆိုမြို့နယ်၊ ငွေတောင်သစ်ကျေးရွာတွင် ၃ရက်အတွင်း တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုအများအပြားရှိနိုင်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
ကယားပြည်နယ် (ကရင်နီ)၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်သစ်ကျေးရွာတွင် စက်တင်ဘာလ ၃ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၅ ရက်အထိ စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူ့ကာကွယ်တပ်များ တိုက်ပွဲ ၅ ကြိမ်ထိဖြစ်ပွား စစ်ကောင်စီတပ်သား သေဆုံးမှုများရှိနိုင်ကြောင်း DMO Local PDF က သတင်းထုတ်ပြန်ထားသည်။
အဆိုပါတိုက်ပွဲများတွင် ဒီမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) ဗျုဟာ (၃)၊မဟာမိတ် ကရင်နီေတာ်လှန်ေရးတပ်ပေါင်းစု (KRU)နှင့် အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၆) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
ထုတ်ပြန်ထားပါသည်။
စက်တင်ဘာလ ၃ ရက်နေဘ နံနက် ၄ နာရီတွင် အဆိုပါ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ငွေတောင်သစ်ကျေးရွာ မှ စစ်ကောင်စီယာဉ်တန်းအား သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုများနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း အဆိုပါ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ နံနက်ပိုင်းဝန်းကျင်တွင် ငွေတောင်သစ်ကျေးရွာမှ ဒီမော့ဆိုမြို့သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းအား သွားရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၅ နာရီ ဝန်းကျင်ထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ကားတစ်စီး လက်နက်ကြီးထိမှန်ကာ မြောင်းထဲ ထိုးကျသွားကြောင်း
ရေးသားဖော်ပြထားသည်။
စက်တင်ဘာလ ၅ ရက်နေ့တွင်လည်း ငွေတောင်သစ်ရွာတွင် ပြည်သူနေအိမ်တစ်လုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား နေ့လည် ၁၂ နာရီဝန်းကျင်တွင် အဆိုပါ ပူပေါင်းမဟာမိတ်တပ်ဖွဲ့များမှ RPG ၂ လုံးဖြင့် စတင်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။
ထို့ကဲ့သို့ စစ်ကောင်စီမှ အထိနာသောကြောင့် ဖရူဆိုမြို့- ဒီမော့ဆိုမြို့ လမ်းမကြီးတစ်လျှောက်နှင့် ၎င်းတို့တပ်စွဲထားသော ကျေးရွာများတွင် နင်းမိုင်းအများအပြား ထောင်ထားခဲ့ကြောငး ထုတ်ပြန်ချက်အရ သိရပါသည်။
ထို့အပြင် ငွေတောင်သစ်ကျေးရွာအခြေစိုက် ခလရ တပ်ရင်း (၁၀၂) မှ စစ်ကောင်စီတပ်သားများသည် ဒီမော့ဆိုမြို့ အနောက်ဖက်သို့ အကြောင်းမဲ့ လက်နက်ကြီးဖြင့်နေ့စဉ် နံနက် ၉ နာရီတွင် ပစ်ခတ်နေပြီး ပြည်သူများ အနေဖြင့်လုံခြုံရေး အထူးဂရုစိုက်ကြရန် ထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ – DMO Local PDF
#Ayeyarwaddy_Times