
တောင်ရင်းအင်း ရွာတွင် စစ်ကောင်စီသတင်းပေး ဒလန်ဟုနာမည်ကြီးနေသူ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရကာ နေရာတွင်ပွဲချင်းပြီးသေဆုံး
ဇွဲနိုင်/(ဧရာဝတီတိုင်းမ်)
(ရေဖြူ)၊စက်တင်ဘာ ၇ ရက်
တနသာ်ရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊တောင်ရင်းအင်း ရွာမှ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူ အုပ်ချုပ်ရေးမှုး စက်တင်ဘာလ ၇ ရက်ယနေ့နေလည်ပိုင်းက
သေနတ်နဲ့ပစ်ခတ်ခံရ၍ ပွဲခြင်းပီး သေဆုံးသွားခဲ့တယ် လို့ဒေသခံတွေထံကသိရပါတယ်။
စက်တင်ဘာ ၇ ရက် နေ့လည် ၁နာရီ ၁၀ မီနစ်ဝန်းကျင်ခန့်အချိန်က အသက်(၅၀)ကျော်ခန့်ရှိသူအမျိုးသားအားအမည်မသိလူတစ်စုကနေအိမ်မှာသေနတ်ဖြင့်လာရောက်ပစ်ခတ်ထားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပြပါတယ်။
“ရွာထဲ၌သေနတ်ပစ်ခတ်သံ ကြားလိုက်ရပါတယ်။သူအိမ်က ကားလမ်းမနဘေးမှာပဲ့ရှိတယ်။သူအိမ်ရှေ့ကို ဆိုင်ကယ်နဲ့ ဖြတ်မောင်းရင်း မှ ပစ်သတ်ခံထားရမှန်းသိတယ် တယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဆိုပါ ဦးနိုင်ဝင်း ဆိုသူမှာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပြီး သတင်းပေးဒလန်တစ်ဦးဖြစ်ကာ ဒေသခံပြည်သူတွေ
ကို နည်းအမျိူးမျိုး နှင့် ဒုက္ခပေးနေသူတစ်ဦးဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်နှင့် အကျိုးတူပူးပေါင်းပြီးလောင်းကစားဝိုင်းများကို ၎င်းကိုယ်တိုင်ဦးစီးကျင်းပနေပြီး PDFအဖွဲ့များက အကြိမ်ကြိမ်သတိပေးခံထားရသူဖြစ်တယ် လို့ ဒေသခံတွေက ပြောဆိုထားတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း ကိုမည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
လွန်ခဲ့သည့် မတ်လ ၃ ရက်နေ့ ညကလည်း ကံပေါက်ဒေသမှ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်သူ စစ်ကောင်စီသတင်းပေး ဦးလှသန်းဆိုသူ ၎င်း ၏ခြံအနီးပစ်သတ်ခံခဲ့ရပါသေးတယ်။
ဓာတ်ပုံ-သေဆုံးသူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နိုင်ဝင်း
#Ayeyarwaddy_Times