ဘောလခဲမြို့ (၁၂)မိုင်ကုန်းစခန်းအနီးတွင် ဝါးဆင်းခုတ်သည့် စစ်ကောင်စီတပ်ဖွဲ့ အလစ်အငိုက်တိုက်ခိုက်ခံရ၍ စစ်သား ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၇ ရက်

စက်တင်ဘာလ (၇)ရက်နေ့ မနက် ၇နာရီ ၅၀မိနစ်အချိန်တွင် ကရင်နီ(ကယား)ပြည််နယ်၊ ဘောလခဲမြို့ နှင့် ရွာသစ်မြို့အကြား လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ (၁၂)မိုင်ကုန်းစခန်းအနီးတွင် ဝါးခုတ်ရန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့အား KNDF B/21 နှင့် KA တို့ပူးပေါင်း၍ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ (၁၂)မိုင်ကုန်းစခန်းအနီးရှိ (၁၁)မိုင်ကုန်းဖက်သို့ အရပ်ဝတ်များဖြင့် ဝါးခုတ်ရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ (၇) ဦးခန့်အား KA ၊ KNDF B/21 တို့မှ အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ (၃)ဦးသေဆုံးကာ (၂)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ၎င်းတို့ကိုင်ဆောင်လာသည့် MA-3 အမျိုးအစား သေနတ် (၁) လတ်နှင့်

ကျည်အချို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့မှုအပြီးတွင် ဘောလခဲမြို့အခြေစိုက် စစ်ကောင်စီတပ်များဖက်မှ ၎င်းတို့အထိနာ၍ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခက်ခဲ့ပြီး မိမိတို့ ပူးပေါင်းတပ်များမှ အထိခိုက်မရှိ ပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ရေးသားထုတ်ပြန်ထားသည်။

ဓာတ်ပုံ – KNDF

#ဘောလခဲ #၁၂မိုင်ကုန်းစခန်း #ဝါးဆင်းခုတ် #စစ်ကောင်စီ #အလစ်ငိုက်တိုက်ခိုက်ခံရ

#Ayeyarwaddy_Times