ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

အမေရိကန်နိုင်ငံက ၂၀၂၆ ခုနှစ်မှာ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင် မယ်လို့ အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

အဆိုပါပမာဏဟာ အမေရိကန်နိုင်ငံ မကြာသေးမီက ထောက်ပံ့ခဲ့တာထက် နည်းပါးပြီး နိုင်ငံအ ချို့အတွက် ကန့်သတ်ချက်ရှိနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂမှ အကြီးတန်း အရာရှိတွေဟာ တနင်္လာနေ့ က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။

အမေရိကန်နိုင်ငံရဲ့ ထည့်ဝင်ငွေကို ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေး ရုံး (UNOCHA) က စီမံခန့်ခွဲမယ့် အစီအစဉ်တွေအတွက် သုံးစွဲမယ်လို့ ၎င်းတို့က ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး လက် ထောက် အတွင်းရေးမှူးချုပ် တွမ်ဖလက်ရှာက အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုကို ကြိုဆိုခဲ့ပြီး အဆိုပါအ ကူအညီက သန်းချီသော လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ ပြောပါတယ်။

သဘောတူညီချက်ဟာ ယူကရိန်းနဲ့ ဆူဒန် အပါအဝင် ရွေးချယ်ထားတဲ့ တိုင်းပြည် ၁၇ ခုအတွက် ကနဉီး ကတိကဝတ်တစ်ခုဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ရန်ပုံငွေကြေးတွေ တာလီဘန်အဖွဲ့ထံ ရောက်ရှိနိုင်တဲ့အန္တရာယ်ကြောင့် အာဖဂန်နစ္စတန်ကို ရွေး ချယ်ထားတဲ့ တိုင်းပြည်စာရင်းမှာ ချန်လှပ်ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း ကုလသမဂ္ဂမှာ နှစ်စဉ် ဒေါ်လာ ၁၇ ဘီလီယံ ထည့်ဝင်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ဒေါ်လာ ၂ ဘီလီယံဟာ ကုလသမဂ္ဂကျောထောက်နောက်ခံပြု အစီအစဉ်တွေအတွက် အမေရိ ကန်နိုင်ငံရဲ့ အစဉ်အလာ လူသားချင်းစာနာမှု ရန်ပုံငွေတစ်ခုဖြစ်တယ်လို့ AP သတင်းဌာနက ဆိုပါတယ်။

ကိုးကား – NHK
Ref; US pledges 2 billion dollars in UN humanitarian aid, with conditions attached