ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်
အာဆီယံအဖွဲ့ဟာ ရွေးကောက်ပွဲ ပထမအဆင့်အပြီးမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အကဲဖြတ်မှာဖြစ်ပြီး မည်သည့်ပါတီကိုမဆို “အချိန်မတန်မီ တရားဝင်မှု” ပေးမယ့် လုပ်ဆောင်ချက်တွေကို ရှောင်ရှားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီဇင်ဘာ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကို ခိုင်မာစေမယ်လို့ ဒီမိုကရေစီ စောင့်ကြည့်သူတွေ က သတိပေးပြီးနောက် USDP က ရွေးကောက်ပွဲ ပထမအဆင့်မှာ အပြတ်အသတ် အောင်ပွဲခံအပြီးမှာ သူ ရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။
အာဆီယံအဖွဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးဖြစ်စဉ်တွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုး တက်မှုတွေကို သတိထားပြီး ဆက်လက် စဉ်းစားမယ်လို့ အာဆီယံလက်ရှိဥက္ကဌ အန်ဝါအီဘရာဟင်က ဆို ပါတယ်။
တက်ကြွလှုပ်ရှားသူတွေ၊ အနောက်တိုင်းသံတမန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲတို့က စစ်အုပ်စုရွေးကောက်ပွဲကို ရှုတ်ချခဲ့ပြီး သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းခြင်းနဲ့ စစ် အုပ်ချုပ်ရေးကို ကြာရှည်စေမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ကိုးကားဖော်ပြခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ၎င်းတို့ထိန်းချုပ်နယ်မြေ တွေမှာ ရွေးကောက်ပွဲကျင်းပခွင့် ပိတ်ပင်ဖို့ ကတိပြုခဲ့ပါတယ်။
ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို မထုတ်ပြန်ရသေးပေမယ့် ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲ မှာ အောက်လွှတ်တော်အမတ်နေရာ ၁၀၂ ခုအနက် ၈၂ နေရာအထိ အနိုင်ရခဲ့တယ်လို့ USDP က ပြောပါ တယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်းကို ဇန်နဝါရီလ ၁၁ ရက်နဲ့ ၂၅ ရက်မှာ ပြုလုပ်သွားဖို့ စီ စဉ်ထားပါတယ်။
USDP ကို အရပ်သားအယောင်ဆောင်ပြီး စစ်တပ်ရဲ့အာဏာကို ခိုင်မာစေဖို့ ရည်ရွယ်တဲ့ပါတီဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – AFP
Ref; ASEAN to assess developments in Myanmar after polls: Anwar