ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ကမ္ဘောဒီးယားနိုင်ငံဟာ ထိုင်းပိုင်နက်ထဲ ဒရုန်း ၂၅၀ စင်းကျော် ပျံသန်းပြီး မကြာသေးမီက လက် မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲလိုက်ပါတယ်။

“တနင်္ဂနွေနေ့ညပိုင်းက ဒရုန်း ၂၅၀ စင်းကျော်ဟာ ကမ္ဘောဒီးယားဘက်ကနေ ထိုင်းပိုင်နက်ထဲကို ကျူးကျော်လာတာကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်” လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ယင်းသို့သောလုပ်ရပ်တွေဟာ ရန်စမှုတွေဖြစ်ပြီး စနေနေ့ နှစ်နိုင်ငံနယ်ခြားကော်မတီ အစည်းအ ဝေးမှာ သဘောတူခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်နဲ့ ကျိုးကြောင်းညီညွတ်မှုမရှိပါဘူး” လို့ ထိုင်းစစ်တပ်က ဆိုပါ တယ်။

နှစ်နိုင်ငံစလုံးက ဖြစ်စဉ်ကို ဆွေးနွေးခဲ့ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ ချက်ချင်း ဖြေရှင်းဖို့ သဘောတူခဲ့ တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်က တနင်္လာနေ့မှာ နိုင်ငံပိုင်ရုပ်သံဌာနမှ ထုတ်လွှင့်ခဲ့တဲ့ မှတ်ချက်အတွင်း ပြောပါတယ်။

နယ်ခြားမျဉ်းတစ်လျှောက် နှစ်ဘက်စလုံးက မြင်တွေ့ရတဲ့ ဒရုန်းပျံသန်းမှုဖြစ်စဉ်ဟာ အသေးအဖွဲ့ ကိစ္စတစ်ခုသာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ စနေနေ့က သဘောတူခဲ့ပြီး ပြည်သူတွေ ဒါဇင်ချီ သေဆုံးကာ ၅၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာစေခဲ့တဲ့ နယ်စပ်တိုက်ပွဲတွေ အဆုံးသတ်ဖို့ ကတိပြုခဲ့ ပါတယ်။

နယ်စပ်တစ်လျှောက်ရှိ ပြည်နယ်အားလုံးနီးပါးမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုမှုအရ အပစ်အခတ်ရပ်စဲဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ပါတယ်။

စနေနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ ထိုင်းနဲ့ကမ္ဘောဒီးယားဟာ အပစ်အခတ် ရပ်စဲဖို့၊ တပ်ဖွဲ့တွေ ရွှေ့ပြောင်းတာ မလုပ်ဖို့နဲ့ မိုင်းရှင်းလင်းရေးနဲ့ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။

ကိုးကား – AFP
Ref; Thailand’s army says Cambodia violated truce with more than 250 drones