ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

မြန်မာစစ်တပ်ဉီးဆောင်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ဆက်စေပြီး တည်ငြိမ်မှု ပြန်လည်ရရှိစေဖို့ မျှော်လင့်ကြောင်း တရုတ်နိုင်ငံက ထုတ်ဖော်ပြောခဲ့ပြီး ရွေး ကောက်ပွဲကို ချောမွေ့စွာ ဆက်လက်ကျင်းပဖို့ တောင်းဆိုလိုက်ပါတယ်။

လာမယ့် ရွေးကောက်ပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်းကို ချောမွေ့စွာ ဆက်လက်ကျင်းပပြီး မြန်မာ နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်စေဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်းဟာ မြန်မာနိုင်ငံကို တည်ငြိမ်ပြီး တင်းမာမှု တွေ လျှော့ချကာ နိုင်ငံရေးအခြေအနေကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေပြီး ပြန်လည်သင့်မြတ်ရေးအ တွက် တည်ငြိမ်သော ငြိမ်းချမ်းရေးကို ဖြစ်စေကာ တိုင်းပြည်တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိ စေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းကို တနင်္ဂနွေနေ့က မြို့နယ်ပေါင်း ၁၀၂ ခုမှာ ကျင်းပခဲ့ရာ စစ်တပ်ကျော ထောက်နောက်ခံ USDP က အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းနဲ့ တတိယပိုင်းကို ဇန်နဝါရီလ ၁၁ ရက်နဲ့ ၂၅ ရက်မှာ ကျင်းပသွားဖို့ စီစဉ် ထားပါတယ်။

ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ ကာဇတ်စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ နီကရာဂွာ၊ အိန္ဒိယမှ နိုင်ငံတ ကာ စောင့်ကြည့်လေ့လာသူတွေဟာ ရွေးကောက်ပွဲ ပထမပိုင်းကို စောင့်ကြည့်ခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးပါက လွှတ်တော်ကို ၃ လအတွင်း ခေါ်ယူပြီး လွှတ်တော်နာယကနဲ့ အစိုးရဖွဲ့မယ့် ဝန်ကြီးချုပ်ကို ရွေးချယ်မယ့် သမ္မတတစ်ဉီးကို ရွေးချယ်မှာဖြစ်ပါတယ်။

ကိုးကား – Anadolu
Ref; China hopes junta-held polls will enable ‘broad-based, stable, peaceful’ reconciliation in Myanmar