ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

တိုက်ခိုက်ရေး အသင့်ဖြစ်မှုကို စမ်းသပ်ဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေး လှုပ်ရှားမှုတွေကို သတိပေးဖို့ ရည်ရွယ်တဲ့ “Just Mission 2025” လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ တရုတ်စစ်တပ်ဟာ ယနေ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးတပ်ဖွဲ့ကို ထိုင်ဝမ်ကျွန်းဝန်းကျင်သို့ ရွှေ့ပြောင်းလိုက်ပါတယ်။

ဒီဇင်ဘာလ ၃၀ ရက် စစ်ရေးလေ့ကျင့်မှုမှာ ကျည်အစစ်နဲ့ပစ်ခတ်မယ့် စစ်ရေးလေ့ကျင့်မှု ၅ ခု ပါ ဝင်ပြီး ထိုင်ဝမ်ကျွန်းဝန်းကျင်ရှိ နေရာငါးခုမှာ မနက် ၈ နာရီ ၃၀ မိနစ်မှ ၁၀ ကြာအောင် ရေပြင်နဲ့ဝေဟင် ကန့်သတ်မှုတွေ ပြုလုပ်မယ်လို့ တရုတ်စစ်တပ်၊ အရှေ့ပိုင်းစစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးတပ်ဖွဲ့တွေနဲ့ ပြည်ပတပ်ဖွဲ့တွေအ တွက် ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်ပါတယ်” လို့ တရုတ်စစ်တပ်၊ အရှေ့ပိုင်းစစ်ဌာနချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရှုယီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ ရေကြောင်းနဲ့ ဝေဟင်တိုက်ခိုက်ရေး အသင့်ဖြစ်မှုကို အလေးထားကာ အ ရေးပါတဲ့ဆိပ်ကမ်းတွေ၊ ဧရိယာတွေကို ပိတ်ဆို့တာနဲ့ ဘက်စုံဟန့်တားမှုတွေကို လေ့ကျင့်မယ်လို့ ထုတ် ပြန်ချက်က ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်ကပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုမှာလည်း တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ကျွန်းဝန်းကျင် ရှိ ဆိပ်ကမ်းတွေကိုပိတ်ဆို့တာ လေ့ကျင့်ခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းဝန်းကျင် စစ်ရေးလေ့ကျင့်မှုတွေဟာ ပြည်ပနိုင်ငံတွေရဲ့ စစ်ရေးအရ စွက်ဖက်မှုကို ဟန့်တားဖို့ ရည်ရွယ်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေရောင်းချမယ်လို့ အမေရိ ကန်နိုင်ငံက ကြေညာပြီးနောက် ၁၁ ရက်အကြာမှာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုကို တရုတ်က အပြင်းအထန် ဝေဖန်ခဲ့ပြီး လက်တုံ့ပြန်မယ့် အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးပါတယ်။

ကိုးကား – Reuters
Ref; China launches military drills around Taiwan amid tensions with Japan