ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်
နိုင်ငံတကာသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပသည့် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲအပေါ် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်၍ ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
သြစတြေးလျ နိုင်ငံရောက်မြန်မာနိုင်ငံသားများသည် ယမန်နေ့က စစ်ကော်မရှင်၏ ရွေး ကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ကြောင်း ကင်ဘာရာမြို့ရှိ စစ်ကော်မရှင်၏ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

ထို့အတူ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ နိုင်ငံသား ၂၅၀ ကျော်ကလည်း စစ်ကော်မရှင် ၏သက်ဆိုင်ရာသံရုံးများရှေ့တွင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြပြီး ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့သည်။
“၂၀၂၀ ရွေးကောက်ပွဲတွင် ယခုဆန္ဒပြသည့် နေရာ၌ လူထောင်ချီလာရောက်၍ ကြိုတင်မဲ ပေးခဲ့ကြသော်လည်း၊ ယခုအခါ မဲပေးသူတယောက်မျှ မရှိခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးက ရှုတ်ချထားသည့် အလွန်အရှက်မဲ့သော ရွေး ကောက် ပွဲရလဒ်သည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အလှည့်အပြောင်း ဖြစ်စေမည် မဟုတ်” ဟု တောင်ကိုရီးယားနိုင်ငံရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က ပြောကြားသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှ မည်သည့်ရလဒ်ထွက်ပေါ်စေကာမူ အစစ်အမှန်မဟုတ်သည့်အတွက် အသိအမှတ်မပြုကြောင်းကို တိုကျိုမြို့ရှိ သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ တစ်ဖက်သတ်ရွေးကောက် ပွဲကို ဖြစ်မြောက်ရန် နည်းမျိုးစုံဖြင့်ကြိုးပမ်းခဲ့ပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများထံမှလည်း ကြိုတင်မဲများ ကောက်ယူခဲ့သည်။
နိုင်ငံသားအများစုမှာ စိတ်ဝင်စားခြင်းမရှိပဲ ၎င်းတို့သံရုံးမိသားစုနှင့်နီးစပ်သည့်စစ်တပ်အသိုင်း အဝိုင်းအချို့သာ လာရောက်မဲပေးခဲ့ကြကြောင်းလည်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်