ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ ဖလော်ရီဒါပြည်နယ်မှာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ကာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို အဆုံးသတ်စေမယ့် စီမံချက်ပါ အငြင်း ပွားရဆုံးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံမှုကို တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်မှာ စတင်ခဲ့ပြီး ဒေါ်နယ်ထရမ့်က ဇီလန်စကီး ကို အစည်းအဝေးမစတင်မီ နှုတ်ဆက်ကာ “သဘောတူညီချက်တစ်ရပ် ပြုလုပ်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

ဆွေးနွေးမှုတွေဟာ အပြီးသတ်အဆင့် ရောက်ရှိနေပြီး ခိုင်မာအားကောင်းသော လုံခြုံရေး သ ဘောတူညီချက်တစ်ရပ် ရှိလာမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းခေါ်ဆိုမယ်လို့ ဒေါ် နယ်ထရမ့်က ဆက်ပြောပါတယ်။ ဇီလန်စကီးနဲ့ မတွေ့ဆုံမီ ပူတင်နဲ့ စကားပြောဆိုခဲ့တယ်လို့ ၎င်းက အ စောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မဟာဗျူဟာကို တစ်ဆင့်ချင်းတက်ကာ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်မယ်ဆိုတာကို ဒေါ်နယ်ထ ရမ့်နဲ့ ဆွေးနွေးမယ်လို့ ဇီလန်စကီးက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး အသက်ဝင်လာပြီးနောက် ခေါင်းဆောင်နှစ်ဉီးဟာ ပိုင်နက်နယ်မြေကိစ္စနဲ့ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဇီလန်စကီးဟာ ဥရောပခေါင်းဆောင်တွေနဲ့ ဖုန်းဖြင့် စကားပြောဆိုခဲ့ တယ်လို့ ယူကရိန်းသမ္မတရုံးက ပြောပါတယ်။

အထူးဖွဲ့စည်းထားတဲ့ အဖွဲ့နှစ်ဖွဲ့မှတစ်ဆင့် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ အကြံပြုချက်ကို ပူတင်က သဘောတူခဲ့တယ်လို့ အစည်းအဝေးမစတင်မီ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရ ယူရီအူရှာကော့ဗ်က ပြောပါတယ်။

ဇီလန်စကီးဟာ အင်္ဂါနေ့က ယူကရိန်းနဲ့ အမေရိကန်တို့ ရေးဆွဲထားတဲ့ အချက် ၂၀ ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို ကြေညာခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေဟာ ဒေသအချို့မှ ဆုတ်ခွာမယ်လို့ ဆိုပါတယ်။

ကိုးကား – NHK
Ref; Trump, Zelenskyy discuss Ukraine-Russia peace plan