ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၉ ရက်

ယူကရိန်းနိုင်ငံအတွက် စီးပွားရေးအကူအညီ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ထပ်တိုး ထောက်ပံ့မယ် လို့ ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးက စနေနေ့မှာ ကြေညာခဲ့ပါတယ်။

ယခုငွေကြေးအကူအညီကြောင့် ယူကရိန်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ထပ်တိုးရန်ပုံငွေ ရရှိရေးမှာ အထောက်အကူပြုမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့အတူ မတ်ခ်ကာ နေးက ပြောပါတယ်။

ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကို ကမ္ဘာ့ဘဏ်လက်အောက်ရှိ နိုင်ငံတကာ ပြန်လည်တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်၊ ဥရောပ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးဘဏ်တို့မှတစ်ဆင့် ချေးငွေ အဖြစ် ထောက်ပံ့မယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်ရှိသော ရန်ပုံငွေကို IMF မှ ယူကရိန်းသို့ ထုတ်ချေးနိုင်ဖို့ ပံ့ပိုးကူညီမှာဖြစ်ပြီး ကနေဒါနိုင်ငံ ဟာ ယူကရိန်းအတွက် ကြွေးမြီဆိုင်းငံ့ရေး အစီအစဉ်မှာ ပါဝင်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သောကြာနေ့က မတ်ခ်ကာနေးနဲ့ ဖုန်းပြောဆိုပြီးနောက် ဇီလန်စကီးရဲ့ ကနေဒါခရီးစဉ် ဖြစ်လာခဲ့ တာပါ။ ခေါင်းဆောင်နှစ်ဉီးဟာ နေ့လည် ၁ နာရီဝန်းကျင်မှာ တွေ့ဆုံခဲ့တာလို့ ဝန်ကြီးချုပ်ရုံးက အတည် ပြုခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး ယူကရိန်းရဲ့ အမေရိကန်နဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကို ဇီလန်စကီးက မတ်ခ်ကာနေးကို ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

ဇီလန်စကီးဟာ ယနေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံကာ အချက် ၂၀ ပါ ငြိမ်းချမ်း ရေး အဆိုပြုချက်ကို တင်ပြမယ်လို့ သိရပါတယ်။

ဆွေးနွေးမှုဟာ ယူကရိန်းနိုင်ငံအတွက် လုံခြုံရေး အာမခံချက်အပြင် စီးပွားရေး သဘောတူညီ ချက်ရရှိရေး အလေးထားမယ်လို့ ဇီလန်စကီးက ပြောပါတယ်?

မော်စကိုအနေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ရုရှားရဲ့ တိုက်ခိုက်မှုတွေက ပြ သခဲ့တယ်လို့ ဇီလန်စကီးက ပြောပြီး ယူကရိန်းက ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းလင့်ကစား ရုရှားက ကျူး ကျော်မှု ဆက်လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ကိုးကား – India Today
Ref; Canada PM Carney announces $2.5 billion in aid to Ukraine after meeting Zelenskyy